ထိုက်တန်စွာ နိုင်ခဲ့တဲ့ အာဆင်နယ်
-----------------------------------------
အာဆင်နယ် ၁ - ၀ မန်စီးတီး
ဂွါဒီယိုလာ ရဲ့ မန်စီးတီးက ဒီပွဲမှာ သရေရဖို့အတွက်သာ လာကစားတဲ့ ပုံစံမျိုးပါ။ သူတို့မှာဒီပွဲအတွက်အနိုင်ရလိုစိတ်ပျောက်ဆုံးနေကြပါတယ်။(၂)သင်းလုံးက တစ်ဖက်အမှား တစ်ဖက်စောင့် ကစားကြပေမယ့် နိုင်မယ်ဆို အာဆင်နယ် သာနိုင်မယ့် ပွဲမျိုးဆိုတာ ပွဲကြည့်နေရင်းကို ခံစားနေမိခဲ့တာပါ။
ဟာလန်း ကတော့ ထုံစံအတိုင်း ပွဲကြီးဆိုပျောက်ခဲ့သလို ကွင်းလယ်ပံပိုးမှု မရရင် ဘာမှလုပ်လို့မရတဲ့ ပုံစံကိုလည်း ဆက်ထိန်းသွားခဲ့ပါတယ်။ ဆာကာ မပါခဲ့တဲ့ အာဆင်နယ် တိုက်စစ်ကလည်း အားလျော့မှုတွေ အပြည့်ပါ။ အန်ကီတီယာ နဲ့ ထရော့ဆဒ် တို့ အလုပ်သိပ်မဖြစ်ခဲ့ကြပေမယ့် ဂျေးဆု ကတော့ တော်တော်ကြိုးစားသွားခဲ့ပါတယ်။
မန်စီးတီး က ကစားနေရင်းနဲ့ ပျင်းစရာဖြစ်လာသလို ဂွါဒီယိုလာ လည်း အပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် အပြောင်းအလဲ ဖြစ်မလာခဲ့ပါဘူး။ အာဆင်နယ်ကတော့ ပြီးခါနီးမှာ တိုမီယာဆု ၊ ပါတေး နဲ့ ဟာဗက်ဇ် တို့ကိုထည့်ပြီး အပြောင်းအလဲလုပ်ခဲ့ပါတယ်။ အာဆင်နယ် ရဲ့ အပြောင်းအလဲကတော့ အလုပ်ဖြစ်ခဲ့ပြီး အရင်ကထက်ပိုဖိကစားလာနိုင်ခဲ့ပါတယ်။
ဒီလိုနဲ့ ပွဲချိန်(၈၆)မိနစ်မှာ အာဆင်နယ် အနိုင်ဂိုးရခဲ့ပြီး မာတင်နယ်လီ ရဲ့ အဝေးကန်ချက် ဆာကာ နဲ့ထိကာ ဘောလုံး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ ဒီနိုင်ပွဲက အာဆင်နယ် အတွက် ထိုက်တန်တဲ့ နိုင်ပွဲပါ။ မန်စီးတီးကို နိုင်သင့်တဲ့ အချိန်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
မန်စီးတီး ကတော့ ပရီးမီးယားလိဂ် (၂)ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဖိအားစဝင်နေခဲ့ပါပြီ။ အာဆင်နယ် နည်းပြအာတီတာ ကတော့ သူ့ရဲ့နည်းပြဘဝ ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်မှာ ဂွါဒီယိုလာ ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read Moreနည်းပြတန်ဟက်မှာလည်း မန်ယူအသင်းအတွက် နိုင်ပွဲရှာဖွေပေးရမယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။
Read Moreစပိန်ကလပ်အသင်း (၄)သင်း (၁၆)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။
Read Moreလူပြန်စုံလာတဲ့အချိန်မှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းနေတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။
Read More