လိဂ်ဖလားမရရင် စာတန်းထိုးမယ်
-----------------------------
ချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။
လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။
ဒီတော့ ဝုလ်ဗ်နဲ့ပွဲမှာ အနိုင်မျှော်ကြပါတယ်။ ဒါမဆန်းပါဘူး။
ပြောရရင် ပုံမှန်ပါပဲ။
ဒါပေမယ့် အိမ်ကွင်းမှာ (၂-၄)နဲ့ချယ်လ်ဆီးအသင်း ရှုံးသွားခဲ့ပါတယ်။
ဒီအချိန်မှာတော့ ချယ်လ်ဆီးအားပေးသူတွေလည်း မရတော့ပါဘူး။
သည်းခံအားကုန်ဆုံးသွားပြီး ဒေါသကြီး ကြပါတော့တယ်။
ချယ်လ်ဆီးအသင်း သုံးထားတဲ့ငွေကြေးအရ သူတို့ဒေါသကြီးသင့်ပါတယ်။
နည်းပြပိုချက်တီနို ကတော့ မျက်နှာငယ်နဲ့ ဖြစ်နေပါပြီ။ မနှစ်က ဖေဖော်ဝါရီမှာ ချယ်လ်ဆီးဟာ (၂၃)ပွဲကစားအပြီး ရမှတ်(၃၁)မှတ်နဲ့ အဆင့် (၁၀)ပါ။
ဒီနှစ် ဖေဖော်ဝါရီမှာတော့ (၂၃)ပွဲကစားအပြီး ရမှတ် (၃၁)မှတ်နဲ့အဆင့် (၁၁)ဖြစ်ပါတယ်။
ဘာမှထူးခြားလာတာ မရှိပါဘူး။
အနေအထားတွေကတော့ မာကျောနေကြပါပြီ။
လိဂ်ဖလား လီဗာပူးလ်နဲ့ ဗိုလ်လုပွဲက အဖြေတစ်ခုထွက်ပါလိမ့်မယ်။
အဲ့ပွဲမှာသာ ရလဒ်မကောင်းခဲ့ရင်တော့ ပိုချက်တီနို ပြီးပါပြီ ဆိုတဲ့စာတန်းထိုးပါလိမ့်မယ်။
အာဆင်နယ်အသင်း ပွဲပန်းမှုဒဏ်ကို ခံရနိုင်တာကို ထည့်စဥ်းစားဖို့လိုပါတယ်။
Read Moreရိုးမားအသင်းကလည်း အရာရာကိုပြင်ဆင်ထားတဲ့ ပုံဖြစ်ပြီးခပ်မြန်မြန်နဲ့ကို နည်းပြသစ်ခန့်လိုက် ပါတယ်။
Read Moreဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။
Read Moreမန်စီးတီးကို နိုင်သင့်တဲ့ အချိန်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
Read Moreဒုတိယပိုင်း ပွဲချိန်အများစု ၊ အချိန်ပို နာရီဝက်တွေကို အဝေးကွင်းမှာ တောင့်ခံနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်က ကောင်းတယ်ဆိုတာထက်ပိုပါတယ်။
Read More