မန်ယူ - ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်
-------------------------------------------
မန်ယူ - ဘရိုက်တန်
စနေည (၈:၃၀) နာရီ
ခြေစွမ်းပိုင်းတည်ငြိမ်မှုအားနည်းပြီး နိုင်ပွဲတစ်ပွဲရဖို့မဖြစ်မနေလိုအပ်နေတဲ့ မန်ယူအသင်းနဲ့ ခြေစွမ်းကောင်းနေတဲ့ ဘရိုက်တန်အသင်းတို့ရဲ့ ပွဲစဥ်ဖြစ်ပါတယ်။ လက်ရှိမှာတော့ မန်ယူအသင်းက ရမှတ်(၆)မှတ်နဲ့ အဆင့် (၁၁)နေရာမှာရှိနေပြီး ဘရိုက်တန်အသင်းကတော့ ရမှတ်(၉)မှတ်နဲ့ အဆင့် (၆)နေရာမှာရှိနေပါတယ်။
လိုအပ်ချက်တွေများနေပေမယ့် မန်ယူအသင်းရဲ့ အိမ်ကွင်းရလဒ်ပိုင်းကောင်းနေတာတွေက ဒီပွဲအတွက် အားအင်တွေပါပဲ။ အမ်မရာဘတ် ပါလာရင် ကွင်းလယ်ပိုတည်ငြိမ်လာဖို့ရှိပြီး တိုက်စစ်မှုး ဟွိုင်းလွန် လည်း ပါလာမှာဖြစ်တာကြောင့် တိုက်စစ်ပိုင်းကတော့ ပိုကောင်းလာဖို့သာရှိပါတယ်။ အသင်းရဲ့ ခြေစွမ်းတစ်နေ့ရွှေ တစ်နေ့ငွေဖြစ်နေပြီး ဘရိုက်တန်နဲ့ နောက်ဆုံး (၄)ကြိမ်တွေ့ဆုံမှုမှာ (၃)ပွဲထိရှုံးထားတာက တော်တော်လေးကို ဆိုးဝါးတဲ့ မှတ်တမ်းတစ်ခုပါ။ ဒီအခြေအနေကနေ ပြန်လာဖို့လိုအပ်ပြီး မန်ယူအသင်း နိုင်ပွဲရချင်ရင်တော့ ဘရိုက်တန်ရဲ့ ကွင်းလယ်ကစားပုံ နဲ့ တစ်ဦးချင်းနားလည်မှုပြည့်ဝနေတာတွေကို ဖျက်ဆီးမှရပါလိမ့်မယ်။ နည်းပြတန်ဟက်မှာလည်း မန်ယူအသင်းအတွက် နိုင်ပွဲရှာဖွေပေးရမယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။
နည်းပြဒီဇာဘီ ရဲ့ ဘရိုက်တန်ကတော့ ကောင်းနေတယ်ဆိုပေမယ့် မနှစ်ကလောက်တော့ မဟုတ်ပါဘူး။ အဓိကက လူစာရင်းပိုင်းတန်းတစ်ခုကျသွားလို့ ဖြစ်ပြီး ဒီရာသီမှာက အချိန်တန်ရင် သူ့နေရာသူပြန်ရောက်သွားမယ့် ပုံစံမျိုးပါ။ လက်ရှိခြေစွမ်းအရတော့ မန်ယူကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါလိမ့်မယ်။ မန်ယူကို အခုနောက်ပိုင်းမှာ အသာယူထားတယ်ဆိုတဲ့ အချက်ကလည်း ဘရိုက်တန်ရဲ့ စိတ်ဓာတ်ပိုင်းကို ပိုမြင့်တက်စေပါလိမ့်မယ်။
ဖိအားနဲ့ ကစားနေရတဲ့အသင်းနဲ့ ဖိအားမရှိပဲ ကစားနေရတဲ့ အသင်းတို့ရဲ့ ပွဲလို့လည်းပြောလို့ရပါတယ်။တစ်ခုခုလုပ်ပြဖို့လိုနေတဲ့ ပွဲမျိုးမှာ အသင်းကြီးတွေဟာ အသင်းကြီးရဲ့မာန်ဆိုတာကို ပြသတတ်ကြပါတယ်။ မန်ယူလည်း ဒီပွဲမှာ ဒီလိုအရာကိုပြသနိုင်မယ်လို့ ယူဆပါတယ်။ ဒါကြောင့် မန်ယူနိုင်မယ်လို့ ခန့်မှန်းချင်ပြီး အိမ်ကွင်း ဖြစ်နေတာကြောင့်လည်း ဖြစ်ပါတယ်။ မန်ယူ ၂ - ၁ ဘရိုက်တန် ရလဒ်မျိုး ဖြစ်နိုင်ပါတယ်။
ဟယ်ရီကိန်း ကတော့ သူ့ရဲ့ဘိုင်ယန်မြူးနစ်နဲ့ဆုဖလား အိပ်မက်ကိုဆက်လက် ဆုပ်ကိုင်ထားတုန်းဖြစ်ပါတယ်။
Read Moreဘိုဝင် ကို လီဗာပူးလ်နဲ့ နယူးကာဆယ်တို့ စိတ်ဝင်စားတယ်ဖြစ်နေတုန်းမှာပဲ ဝက်စ်ဟမ်းအသင်းက ခပ်မြန်မြန်နဲ့စာချုပ်သက်တမ်းတိုးလိုက်တာပါ။
Read Moreချီယေဆာ အတွက် ကမ်းလှမ်းမှုတွေကိုလည်း လမ်းဖွင့်ပေးထားပြီး ယူရိုသန်း (၆၀)လောက် ရဖို့တော့ မျှော်လင့်နေပါတယ်။
Read More" စတန်းဖို့ဒ်ဘရစ်ချ် က အန်ဇိုဖာနန်ဒက်ဇ် ခြေရာများ "
Read Moreလူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ...
Read More