မန်ယူက မန်ယူပြန်ဖြစ်လာပြီလား

Published 1 year ago by Bawlonelive

မန်ယူက မန်ယူပြန်ဖြစ်လာပြီလား

---------------------------- 

ဗီလာ ၁ - ၂ မန်ယူ 

ဒီအချိန်မှာ အဖြေရှာရမယ့် မေးခွန်းတစ်ခုကတော့ မန်ယူက မန်ယူပြန်ဖြစ်လာပြီလား ဆိုတာပါပဲ။ လူပြန်စုံလာတဲ့အချိန်မှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းနေတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။ အခုဆိုပြိုင်ပွဲစုံ နောက်ဆုံး(၆)ပွဲဆက်လည်း ရှုံးပွဲမရှိကစားထားတယ်ဆိုတဲ့ အနေအထားကိုရောက်လာခဲ့ပါပြီ။ လက်ရှိ မန်ယူအသင်းရဲ့ ခြေစွမ်းကတည်ငြိမ်လွန်းသလို တိုက်စစ်ပိုင်းလည်း အားရစရာဖြစ်နေပြီး ဒီအချိန်မှာ တန်ဟက် Out ဆိုတဲ့အသံတွေ ပြီးဆုံးသွားခဲ့ပြီလို့ ပြောရပါလိမ့်မယ်။ 

အခုပွဲမှာ ဗီလာတော်တော်ကောင်းပါတယ်။ တော်တော်ကောင်းတဲ့ ဗီလာကိုနိုင်အောင် ကစားခဲ့တော့ အားရစရာကောင်းပါတယ်။ ဦးဆောင်ဂိုးကိုတော့ မန်ယူအသင်းစရခဲ့တာဖြစ်ပြီး မက်ဂွိုင်းယား ချပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှုး ဟွိုင်းလွန် က ပိတ်သွင်းပြီး သူ့ရဲ့ ပရီးမီးယားလိဂ် (၅)ပွဲဆက်သွင်းဂိုးအဖြစ် ပြောင်းလဲပေးခဲ့တာ​​ဖြစ်ပါတယ်။ 

ဒီပွဲမှာ ချီးကျူးရမယ့် ကစားသမားတွေက မက်ဂွိုင်းယား နဲ့ အိုနာနာ တို့ဖြစ်ပြီး အကောင်းဆုံးကစားနိုင်ခဲ့ကြပါတယ်။ အိုနာနာ ဆိုလည်း တော်တော်ကောင်းခဲ့ပြီး ဗီလာအသင်း ရှုံးပွဲနဲ့ကြုံခဲ့ရတာက သူ့ကြောင့်လို့ ပြောရမှာပါ။ ဘာလို့လဲဆိုတော့ ဗီလာရဲ့ကန်သွင်းချက် (၂၃)ကြိမ် ၊ Big Chanes (၄)ကြိမ်မှာမှ (၁)ဂိုးသာပေးခဲ့ရလို့ပါ။ ဗီလာအတွက် ချေပဂိုးကိုတော့ ပွဲချိန်(၆၇)မိနစ်မှာ ဒေါက်ကလပ်လူးဝစ် က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ဒီလိုနဲ့ပဲ သရေပွဲ ဖြစ်တော့မယ်လို့ ထင်နေချိန်မှာ မန်ယူအသင်းအနိုင်ဂိုးရခဲ့ပြီး ဒီရာသီရဲ့ ထုံးစံအတိုင်း တွမ်မီနေး က ကယ်တင်ရှင်ဖြစ်ခဲ့ပါတယ်။ အနိုင်ဂိုးကိုတော့ ပွဲချိန် (၈၆)မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ဒါလော့ရဲ့ဖြတ်တင်ဘောကို တွမ်မီနေး က တိတိကျကျခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ နိုင်ပွဲတွေဆက်တိုက်ဆိုသလိုပြန်ရနေတာကြောင့် ရှေ့လာမယ့်ပွဲစဥ်တွေမှာရော အနိုင်ရမလားဆိုတဲ့ စောင့်ကြည့်မှုတွေက မန်ယူအသင်းဆီမှာတော့ ရှိနေခဲ့ပါပြီ။

မန်ယူ နဲ့ လီဗာပူးလ် တစ်ဖက်(၂)ဂိုးစီသရေကျခဲ့လို့ ပိုမြိုင်သွားခဲ့တဲ့ ပရီးမီးယားလိဂ်

လီဗာပူးလ်ကလည်း အခွင့်အရေးတွေရပေမယ့် ဖြုန်းတာနဲ့ အိုနာနာ လက်စွမ်းပြတာတွေကြောင့် ပထမပိုင်းမှာတစ်ဂိုးသာရခဲ့ပါတယ်။

Read More
အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ ဆလီဘာ

(၂၀၂၇)ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လစာငွေလည်း တိုးမြှင့်ရရှိသွားမှာပါ။

Read More
မန်ယူ ရလဒ်ကောင်းမလား

ဒါကတော့ နော်တင်ဟမ် နဲ့ အက်ဖ်အေဖလားပွဲပါပဲ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၃)

" မင်းသားတွေရှိခဲ့တဲ့ရက်သတ္တပတ် "

Read More
ရီးယဲလ်အသင်းနဲ့ သတင်းတွေထွက်လာတဲ့ မော်ရင်ဟို

ဆော်ဒီကိုမသွားချင်တဲ့ မော်ရင်ဟိုကို ရီးယဲလ်ကသာ ကမ်းလှမ်းလာရင်မော်ရင်ဟို လုံးဝကို လက်ခံပါလိမ့်မယ်။

Read More