လိဂ်ဖလားဗိုလ်လုပွဲမှာဆုံမယ့် ချယ်လ်ဆီး နဲ့ လီဗာပူးလ်
--------------------------
နောက်ဆုံးမှာတော့ လိဂ်ဖလားဗိုလ်လုပွဲက မျှော်လင့်ထားတဲ့အတိုင်းချယ်လ်ဆီး နဲ့ လီဗာပူးလ် တို့ပွဲ ဖြစ်လာခဲ့ပါပြီ။ ဆီမီးဖိုင်နယ်အဆင့်မှာ ချယ်လ်ဆီးက မစ်ဒယ်ဘရော့ကို (၂)ကျော့ပေါင်းရလဒ် (၆-၂)နဲ့နိုင်ပြီး လီဗာပူးလ် ကတော့ဖူလ်ဟမ်ကို (၂)ကျော့ပေါင်းရလဒ် (၂-၃)နဲ့ နိုင်ခဲ့ကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက်လာခဲ့ကြတာပါ။
ဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ့်မယ်။
ဒီရာသီမှာ ဆုဖလားတစ်ခုခုရဖို့ကြိုးစားနေတဲ့ ချယ်လ်ဆီးရဲ့အနေအထား ၊ ပြိုင်ပွဲစုံမှ ရသလောက်အကုန်ယူဖို့ကြိုးစားနေတဲ့ လီဗာပူးလ်တို့ကြောင့်ဗိုလ်လုပွဲကတော့ ကြည့်ကောင်းဦးမှာ အမှန်ပါပဲ။ ချယ်လ်ဆီး နဲ့ လီဗာပူးလ် တို့ရဲ့လိဂ်ဖလားဗိုလ်လုပွဲကိုတော့လာမယ့် ဖေဖော်ဝါရီလ (၂၅)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီဘရိုင်းနား ပြန်လာတာက မန်စီးတီးအတွက် အားအင်တစ်ရပ်ပါပဲ။
Read Moreနည်းပြတန်ဟက် ကိုတောင်းပန်လိုက်ရင် အဆင်ပြေမယ့်အရာကို မတောင်းပန်တော့အခြေအနေတွေက ပိုရှုပ်ထွေးကုန်ခဲ့တာပါ။
Read Moreဒုတိယပိုင်း မိနစ်(၇၀)မှာတော့ ဟွိုင်းလွန် ကို ဆန်းချက်ဇ် ဆွဲလှဲခဲ့လို့ မန်ယူ ပယ်နယ်တီရခဲ့ပြီး ဖာနန်ဒက်စ်က ကန်သွင်းယူခဲ့ပါတယ်။ မန်ယူရဲ့ အပျော်က သိပ်မခံလ...
Read Moreခြေစမ်းပွဲတွေမှာ ရလဒ်ကောင်းတွေယူနေပြီး လူသစ်တွေနဲ့ အသွင်သစ် ချယ်လ်ဆီးကို သူဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။
Read Moreရီးယဲလ်ဖြစ်နေလို့ကို မရှုံးခဲ့ပဲ ရှုံးတော့မယ့် အနေအထားကနေ သရေပြန်ရခဲ့တာဖြစ်ပါတယ်။
Read More