ချန်ပီယံလိဂ်(၁၆)သင်း အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေထွက်ပေါ်
----------------------------------
ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့အသင်း (၁၆)သင်းထွက်ပေါ်လာခဲ့ပါပြီ။ စပိန်ကလပ်အသင်း (၄)သင်း (၁၆)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီး ထူးခြားချက်တစ်ခု အနေနဲ့ အင်္ဂလန်ကလပ်အသင်း (၂)သင်းသာ (၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
ပုံမှန်ဆို ဒီအဆင့်ကို (၄)သင်းလုံး တက်နေကြဖြစ်ပေမယ့် မန်ယူ နဲ့ နယူးကာဆယ် တို့က အုပ်စုအဆင့်နဲ့တင် ကျေနပ်ခဲ့ရတာပါ။ နောက်တစ်ခုတော့ ကိုပင်ဟေဂင်အသင်းက(၁၆)သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပြီးအုပ်စုအောက်ဆုံးဖြစ်မယ်လို့ ထင်ထားခဲ့ကြပေမယ့် ထိုက်ထိုက်တန်တန်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ် (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အသင်းတွေကတော့ အက်သလက်တီကို ၊ဘာစီလိုနာ ၊ ရီးယဲလ် ၊ ဆိုစီဒက် ၊အင်တာမီလန် ၊ လာဇီယို ၊ နာပိုလီ ၊ဘိုင်ယန်မြူးနစ် ၊ ဒေါ့မွန် ၊ လိုက်ပစ်ဇ် ၊အာဆင်နယ် ၊ မန်စီးတီး ၊ ပေါ်တို ၊PSG ၊ PSV နဲ့ ကိုပင်ဟေဂင် တို့ဖြစ်ကြပါတယ်။
စပိန်အသင်းနဲ့အတူ အယ်လ်ဘာ ဟာ ယူရိုပြိုင်ပွဲ (၃)ကြိမ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ် ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။
Read Moreချီယေဆာ အတွက် ကမ်းလှမ်းမှုတွေကိုလည်း လမ်းဖွင့်ပေးထားပြီး ယူရိုသန်း (၆၀)လောက် ရဖို့တော့ မျှော်လင့်နေပါတယ်။
Read Moreအခုနောက်ပိုင်းထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတွေရဲ့ Idol က စီရော်နယ်လ်ဒို ဖြစ်နေတာမှာသူ့ရဲ့ ပုံရိပ်နဲ့ လွှမ်းမိုးမှု ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ထင်သာမြင်...
Read Moreလက်ရှိ ဒီ (၂)သင်းရဲ့ ခြေစွမ်းမှာတော့ အာဆင်နယ်က မန်ယူထက် အနည်းငယ်ပိုသာပါတယ်။
Read Moreအခြေအနေတွေနဲ့ ခြေစွမ်းတွေအရ မိုင်နူး ကိုရွေးသင့်တာကတော့အမှန်ပါပဲ။
Read More