မန်စီးတီးနဲ့ ပွဲအတွက် အဖြေမထွက်သေးတဲ့ ဆာကာ
----------------------------------
မနက်ဖြန်မှာ ကစားမယ့် မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ပွဲစဥ်မှာ ဆာကာပါလာနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါတယ်။
နည်းပြအာတီတာ ကတော့ " ဆာကာ က အငြင်းပွားစရာမှာရှိနေတယ်။တနင်္ဂနွေနေ့မှာ သူဘယ်လိုတိုးတက်နေလဲဆိုတာ ကျွန်တော်တို့မြင်ရမှာပါ။လန်းစ်နဲ့ပွဲမှာ သူကွင်းထဲကနေထွက်ခဲ့ရတယ်။ ဒါသတင်းကောင်းမဟုတ်ပါဘူး။သူဘယ်လိုပြန်ကောင်းလာမလဲဆိုတာကြည့်ကြရပါမယ် " လို့ပြောကြားခဲ့ပါတယ်။
လန်းစ်ကို ရှုံးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဆာကာ ဟာ လူစားလဲခံခဲ့ရတာပါ။ အစောပိုင်း အခြေအနေမှာတော့ ပွဲနီးရင် ဆာကာ အဆင်ပြေလာမယ်ထင်ခဲ့ပေမယ့် လက်တွေ့မှာတော့ အဖြေမထွက်ဖြစ်နေတာဖြစ်ပါတယ်။
ဆာကာ ဟာ အာဆင်နယ်အသင်းရဲ့အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူမပါရင် အသင်းရဲ့ တိုက်စစ်က အားလျော့မှုတွေရှိလာမှာပါ။ ဆာကာ ပါလာရင်တော့ ပိုကောင်းတဲ့ ပွဲတစ်ပွဲကိုမြင်ရဖို့ရှိနေပြီး ပါလာဖို့လည်း မျှော်လင့်မိပါတယ်။
ချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။
Read Moreလက်ရှိမှာတော့ ဒီဆာဆီ ဟာ ချယ်လ်ဆီးအသင်းရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။
Read Moreလက်ရှိမှာတော့ ဂျာမနီအသင်းနည်းပြရာထူးအတွက် နာမည်ကျော်လူငယ်နည်းပြ နာဂယ်စ်မန်း က ရေပန်းစားနေပါတယ်။
Read Moreယိုရို က လူစားဝင်လောက်သာအဆင်ပြေနေသေးပြီး သူ့အတွက်နေရာတစ်ခုစမ်းချင်ရင်တော့ ဖလားပွဲတွေ နဲ့ ဖိအားသိပ်မရှိတဲ့ ယူရိုပါလိဂ်ပွဲတွေမှာသာ စမ်းသင့်ပါတယ်။
Read Moreချယ်လ်ဆီး - အာဆင်နယ် လန်ဒန်ဒါဘီ
Read More