ဒရမ်မာဆန်တဲ့ Comeback နဲ့ ကွန်မြူနတီဒိုင်းကို ရရှိခဲ့တဲ့ အာဆင်နယ်
----------------------------------------------------
မန်စီးတီး ၁ - ၁ အာဆင်နယ်
(ပယ်နယ်တီ ၁-၄ နဲ့ အာဆင်နယ် နိုင်)
အာဆင်နယ် ကို ပထမဆုံး Congratulations လို့ပြောရမှာပါ။ ဒရမ်မာဆန်တဲ့ Comeback နဲ့ အနိုင်ရခဲ့တာကြောင့် ရင်ခုန်ခဲ့ရသလို ခြေစွမ်းကလည်း အောင်မြင်မှုနဲ့ ထိုက်တန်ခဲ့ပါတယ်။
ဒီပွဲမှာတော့ ပါတေး ကို တော်တော်သဘောကျမိပြီး ကွင်းလယ်ထိန်းကြောင်းသွားတာ ၊ ကစားကွက်ဆင်ပေးတာ မန်စီးတီးတိုက်စစ်ကို ကြားကနေ ဖြတ်တောက်ခဲ့တာတွေက တကယ့်ကို ကောင်းခဲ့ပါတယ်။ အရင်ထက်ပိုကောင်းလာခဲ့ပေမယ့် နည်းပြအာတီတာ အဖြေထုတ်ရမှာလည်း ရှိနေပါတယ်။ ပြောရရင်တော့ ဟာဗက်ဇ် ကို အထောင်တိုက်စစ်ထားကစားတာမျိုးဖြစ်ပြီး တိုးဖို့ ၊ ရုန်းဖို့ မစဥ်းစားပဲ သူ ဘောလုံးရတာနဲ့ ကစားကွက်ပြန်ဆင်ဖို့သာ ကြိုးစားနေလို့ တိုက်စစ်အရှိန်တန့်သွားခဲ့ရပါတယ်။ မန်စီးတီးကတော့ မန်စီးတီးပုံစံအတိုင်း သွားခဲ့ပေမယ့် အရင်လိုမဟုတ်တော့ပါဘူး။ အကျဘက်ကို နည်းနည်းရောက်လာသလိုပါပဲ။ ဒီပွဲအနေအထားကိုကြည့်ပြီး ဂွါဒီယိုလာ လုပ်စရာတွေရှိဦးမယ်လို့ တွေးမိပါတယ်။
ပထမပိုင်းမှာတည်းက အာဆင်နယ်အသင်း အခွင့်အရေးတွေရခဲ့ပေမယ့် ဂိုးရဖို့ ကံမပါခဲ့ဘူးလို့ပဲ ပြောရမှာပါ။ ဒီလိုနဲ့ပွဲချိန် (၇၇)မိနစ်မှာ မန်စီးတီးဂိုးစရခဲ့ပြီး ဖိုဒန်ရဲ့ ကြိုးစားအားထုတ်မှုကနေတစ်ဆင့် လူငယ်တိုက်စစ်ကစားသမား ပယ်လ်မာ ဆီ ဘောလုံးရောက်သွားကာ ပယ်လ်မာ က လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အတွက် ဒီပွဲမှာဘယ်နောက်ခံနေရာ ကစားခဲ့တဲ့ တင်ဘာ ဟာ တိုက်စစ်လိုက်ပါမှု အားနည်းပေမယ့် ခံစစ်ပိုင်းမှာတော့ တာဝန်ကျေခဲ့ပါတယ်။ သူထွက်သွားမှာ သူ့ဘက်ခြမ်းကနေ ဂိုးပေးလိုက်ရတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။
(၁)ဂိုးရှုံးနေတဲ့ အချိန်မှာ အာဆင်နယ်အသင်း အပြောင်းအလဲတွေလုပ်ခဲ့သလို ချေပဂိုးရဖို့ပို ကြိုးစားလာခဲ့ပါတယ်။ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ချေပဂိုးကိုတော့ ပွဲချိန်မိနစ် (၉၀+၁၁)မိနစ်မှာ ရရှိခဲ့တာဖြစ်ပြီး ထရော့ဆဒ် ရဲ့ ကန်ချက် အကန်ဂျီနဲ့ ထိကာ ဘောလုံးလမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ ပွဲချိန်အတွင်း သရေကျခဲ့ကြပြီး ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းရာမှာတော့ အာဆင်နယ်က အကုန်ဂိုးဝင်ခဲ့ပေမယ့် မန်စီးတီးဘက်က ဒီဘရိုင်းနား နဲ့ ရိုဒရီ တို့လွဲခဲဲ့ကြလို့ အာဆင်နယ် ကွန်မြူနတီဒိုင်းကို ရခဲ့ပါတယ်။
ဒီ ကွန်မြူနတီဒိုင်း ဟာ အာဆင်နယ်အသင်းအတွက် (၁၇)ကြိမ်မြောက် ကွန်မြူနတီဒိုင်းချန်ပီယံဆုလည်း ဖြစ်ပါတယ်။ အာဆင်နယ် အသင်းကတော့ တာထွက်ကောင်းခဲ့ပြီလို့သာ ပြောရပါလိမ့်မယ်။
" စတန်းဖို့ဒ်ဘရစ်ချ် က အော်မြည်ကြေကွဲသံ "
Read Moreစာချုပ်သစ်ရဲ့စာချုပ်လျော်ကြေးကတော့ ယူရို (၁)ဘီလီယံ ဖြစ်ပါတယ်။
Read More" ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ် "
Read Moreနည်းပြတန်ဟက် ကိုတောင်းပန်လိုက်ရင် အဆင်ပြေမယ့်အရာကို မတောင်းပန်တော့အခြေအနေတွေက ပိုရှုပ်ထွေးကုန်ခဲ့တာပါ။
Read Moreအာဆင်နယ်အသင်း ပွဲပန်းမှုဒဏ်ကို ခံရနိုင်တာကို ထည့်စဥ်းစားဖို့လိုပါတယ်။
Read More