စပါးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ချယ်လ်ဆီး

Published 1 year ago by Bawlonelive

စပါးကို ဂိုးပြတ်နိုင်ခဲ့တဲ့ ချယ်လ်ဆီး

------------------------------- 

စပါး ၁ - ၄ ချယ်လ်ဆီး 

လန်ဒန်ဒါဘီကတော့ မထင်မှတ်ထားတာတွေ ဖြစ်သွားခဲ့တာပါ။ စပါးအသင်း ရသွားတဲ့ အနီကတ် (၂)ကတ်က ဒီပွဲရဲ့အဖြေပါပဲ။ ရိုမဲရိုး ၊ အူဒိုဂီ တို့ရဲ့ ဒီအနီကတ်တွေက ဖြစ်ရမယ့် အခြေအနေမျိုးတွေပါ။ ပွဲချိန် (၃၃)မိနစ် နဲ့ (၅၅)မိနစ်တွေမှာ ဖြစ်ခဲ့တာကြောင့် စပါးအသင်းအတွက် ကစားရတော်တော်ခက်သွားခဲ့သလို မတ်ဒီဆင် ပါ ဒဏ်ရာကြောင့် လူစားလဲခဲ့ရလို့ ပေးဆပ်မှုကြီးမားတဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။ 

(၂)သင်းပေါင်း သွင်းဂိုး (၅)ဂိုးထိ ရှိခဲ့ပေမယ့် တစ်ဖက်မှာလည်း VAR က (၅)ဂိုးထိ ပယ်ဖျက်ခဲ့ပါတယ်။ အနီကတ် (၂)ကတ် ၊ အဝါကတ် (၈)ကတ်ကြောင့် ပွဲကမထင်မှတ်ပဲ ကြမ်းခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဦးဆောင်ဂိုးကိုတော့ စပါးအသင်းက ပွဲချိန် (၆)မိနစ်မှာပဲ စောစောစီးစီးရခဲ့တာဖြစ်ပြီး ကလူဆက်စကီး ရဲ့ကန်ချက် ချယ်လ်ဆီးနောက်ခံလူနဲ့ထိကာ ဘောလုံးလမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာ VAR က ဂိုးတွေပယ်ဖျက်ခဲ့တယ်ဆိုပေမယ့် တကယ့်အပြောင်းအလဲက ရိုမဲရိုး က စလုပ်ခဲ့တာပါ။ သူ့ရဲ့ အနီကတ်ကြောင့် စပါး (၁၀)ယောက်တည်းဖြစ်သွားသလို ပွဲချိန်(၃၅)မိနစ်မှာ ရခဲ့တဲ့ ပယ်နယ်တီကို ပယ်လ်မာ က ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့လို့ ပွဲက ချယ်လ်ဆီးဘက်မှာ ရှိသွားခဲ့ပါတယ်။ 

ဒီပွဲမှာ စပါးအသင်း ကစားပုံက လိုတာထက်ပိုပြီး ကြမ်းခဲ့တယ်လို့လည်း မြင်ပါတယ်။ (၉)ယောက် (၁၁)ယောက်ဖြစ်သွားချိန်မှာတော့ တဖြည်းဖြည်းနဲ့ (၂)သင်းကြား ကွာခြားချက်ကြီးလာခဲ့ပြီး ချယ်လ်ဆီး လုပ်သမျှဖြစ်လာတော့တာပါပဲ။ ချယ်လ်ဆီးရဲ့ တောင်ပံတိုက်စစ်နဲ့ ကွင်းလယ်ကနေ တိုက်စစ်ဆီ တိုက်ရိုက်ဘောလုံးခင်းပေးမှုတွေကိုလည်း စပါးအသင်းမတားဆီးနိုင်တော့ပါဘူး။ 

ဒီလိုနဲ့ပဲ ဂျက်ဆင် ရဲ့ ဟက်ထရစ်ကိုပါ မြင်ခဲ့ရပြီး ပွဲချိန်(၇၅ ၊ ၉၄ နဲ့ ၉၇)မိနစ်တွေမှာ ရလာတဲ့ အခွင့်အရေးတွေကို သာသာယာယာနဲ့ ဂိုးတွေအဖြစ်ပြောင်းလဲပေးခဲ့တာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဥ် (၁၁)အရောက်မှာတော့ စပါးအသင်း ရှုံးပွဲတွေ့သွားခဲ့ရပါပြီ။

အင်္ဂလန်ကလပ်တွေ ကြေကွဲခဲ့ရတဲ့ ချန်ပီယံလိဂ်

ဟယ်ရီကိန်း ကတော့ သူ့ရဲ့ဘိုင်ယန်မြူးနစ်နဲ့ဆုဖလား အိပ်မက်ကိုဆက်လက် ဆုပ်ကိုင်ထားတုန်းဖြစ်ပါတယ်။

Read More
PSG နဲ့အသံတွေထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

စည်းကမ်းပိုင်းအားနည်းမှုကြောင့်အပြစ်ပေးခံထားရချိန်မှာ အချိန်ကိုက်ဆိုသလိုကို စိတ်ဝင်စားတဲ့သတင်းက ထွက်လာခဲ့တာပါ။

Read More
မန်ယူအသင်းကို ရောက်ရှိခဲ့ပြီဖြစ်တဲ့ အမ်မရာဘတ်

မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တဲ့ အထိ မန်ယူအသင်းဆီ အမ်မရာဘတ် က ပြောင်းရွှေ့ချင်ခဲ့တာပါ။

Read More
ကင်ဗင်ဖီလစ် အနာဂတ် အဖြေပေါ်တော့မယ်

ဒီ ဇန်နဝါရီမှာ မဖြစ်မနေကို အဖြေထွက်ရမယ့်အနာဂတ်တစ်ခုရှိနေပါတယ်။

Read More
ချယ်လ်ဆီး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

ဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။

Read More