ရလဒ်ကောင်းဖို့လိုတဲ့ အာဆင်နယ်
--------------------------
ဒီနေ့ည မနက်ဖြန် မနက် (၂)နာရီမှာနော်တင်ဟမ် - အာဆင်နယ် ပွဲရှိပါတယ်။ ပထမအကျော့ရလဒ်ကတော့ အာဆင်နယ်နိုင်ပြီး (၂-၁)ဖြစ်ပါတယ်။
အခုပွဲမှာတော့ အာဆင်နယ်အနေအထားက ရိုးရှင်းပါတယ်။ နိုင်ဖို့ပဲလိုတာပါ။ လက်ရှိအခြေအနေအရ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ချင်တဲ့အာဆင်နယ် အနေနဲ့ ပွဲတိုင်းကိုနိုင်ပြီးရင်း နိုင်နေဖို့လိုပါတယ်။ အမှားလုပ်လို့မရတော့ပါဘူး။
ပဲလေ့စ်နဲ့ ဂိုးပြတ်နိုင်ပွဲမှာ ပဲလေ့စ်ညံလွန်းခဲ့တာကြောင့် လွယ်ခဲ့ပေမယ့် နော်တင်ဟမ် ကတော့ အိမ်ကွင်းမှာ မာပါတယ်။ နော်တင်ဟမ်ကွင်း နောက်ဆုံး(၃)ပွဲဆက် အာဆင်နယ် မနိုင်ထားဘူးဆိုတာကလည်း ဒီပွဲမှာနိုင်ဖို့တွန်းအားတစ်ခုပါပဲ။
တိုက်စစ်ပိုင်း (၃)နေရာမှာ ဂျေးဆု ၊ ဆာကာ တို့နေရာတွေက အခက်အခဲလေးတွေရှိနေပေမယ့် ဒီပွဲမှာ အာဆင်နယ်အတွက် ဘာရွေးချယ်ခွင့်မှရှိမနေပါဘူး။အာဆင်နယ် နိုင်မှရပါမယ့်ပွဲ ဖြစ်ပါတယ်။
မမျှတတဲ့ ဆုံးဖြတ်ချက်တွေရှိခဲ့တယ်ဆိုပေမယ့် ကိုပင်ဟေဂင် နဲ့ မန်ယူကြားမှာ တစ်ယောက်လျော့သွားတာနဲ့ ခုလောက်ထိ ဖြစ်သွားတာကတော့ အဓိပ္ပါယ်မရှိပါဘူး။
Read Moreအာဆင်နယ် က အနိုင်ကိုထိန်းဖို့လောက်ပဲ အာရုံရှိပြီး မန်ယူကို ပိတ်ကစားသွားခဲ့သလို သူတို့ရဲ့ပုံစံအတိုင်း တိုက်စစ်ကို မြိုင်မြိုင်မကစားနိုင်ခဲ့ပါဘူး။
Read Moreဒီပွဲမှာ ချယ်လ်ဆီးက ဘယ်လိုရလဒ်ပဲ ထွက်ထွက်ဖိအားကင်းကင်းနဲ့ ကစားရမှာက ကျေနပ်စရာပါ။
Read Moreshort description
Read Moreထုံးစံအတိုင်း နေမာ ဆော်ဒီလိဂ်ကိုပဲသွားမှာပါ။
Read More