အာဆင်နယ် - လီဗာပူးလ်
Super Sunday ည (၁၁:၀၀)နာရီ
ဖူလ်ဟမ်ကို ရှုံးအပြီးမှာ အာဆင်နယ် ဖိအားများသွားခဲ့ပါတယ်။ ပုံမှန်ဆို ပရီးမီးယားလိဂ်ကိုပဲ အာရုံစိုက်မှာမို့လို့ ဒီပွဲက မေ့လိုက်ရမှာမျိုးဖြစ်ပေမယ့် လီဗာပူးလ် နဲ့ (၅)မှတ်ကွာသွားလို့ ဒီဖလားကိုလည်းလက်လွှတ်လို့မရတဲ့ ပုံမျိုးဖြစ်နေပါတယ်။ အခြေအနေ (၂) ခုကြားဗျာများနေသလိုဖြစ်နေတာပါ။ ဒီပွဲရှုံးသွားရင်လည်း များနေတဲ့ ဖိအားက ပိုများသွားဖို့ပဲရှိပါတယ်။ ဆုဖလား (၂)လုံးကို အချိန်တိုအတွင်းလက်လွှတ်လိုက်တယ်လို့ ပြောခံရပါလိမ့်မယ်။ ဒီတော့များနေတဲ့ ဖိအားကိုထပ်အများခံမှာ မဟုတ်သလို အိမ်ကွင်းလည်း ဖြစ်နေတာကြောင့် ရလဒ်ကောင်းဖို့လိုပါတယ်။ လက်ရှိခြေစွမ်းကတော့ အားရစရာမရှိပေမယ့် ဒီပွဲမှာတော့ ခြေစွမ်းကောင်းတဲ့ အာဆင်နယ် ကိုမြင်လာရနိုင်။ ဒီပွဲမှာ ၄-၃-၃ ထက် ၄-၂-၃-၁ ကိုပိုသုံးစေချင်ပါတယ်။
လီဗာပူးလ် က ဘာလုပ်မလဲဆိုတာကို ရွေးရမယ့်အချိန်ရောက်ပါပြီ။ ဖလားအားလုံးကိုယူချင်နေလို့ မရပါဘူး။ ပရီးမီးယားလိဂ် အဆင့် (၁) ၊ လိဂ်ဖလား ဆီမီး နဲ့ ယူရိုပါလိဂ်ကိုလည်း ရနိုင်တဲ့ အခြေအနေမျိုးမှာ အခု FA Cup ကိုမေ့လိုက်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ လက်ရှိ လူစာရင်းနဲ့ ဖလားအားလုံးသိမ်းလို့ မရဘူးဆိုတာ ယာဂန်ကလော့ သိပါတယ်။အာဖရိက နဲ့ အာရှဖလားတွေအတွက် ဆာလာ နဲ့ အန်ဒို ကို လက်လွှတ်ရမှာပါ။အသင်းအတွက် အရေးကြီးတဲ့သူတွေဖြစ်ပါတယ်။ လိုချင်တာ အရမ်းများနေရင် ဘာမှမရပဲ ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ မဖြစ်မနေ နိုင်ရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီပွဲကိုချဥ်းကပ်လာမှာ မဟုတ်ပါဘူး။ လီဗာပူးလ် ကို မေ့လိုက်ရမယ့် ပွဲမျိုးဖြစ်ပါတယ်။
ဒီပွဲရဲ့ ရလဒ်မှာတော့ အာဆင်နယ် ကိုပဲအနိုင်ပေးချင်ပါတယ်။ အာဆင်နယ် နိုင်မယ်။ (၂-၀)လို့ ခန့်မှန်းပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။
Read Moreလူကာကူ ဟာ ဒီနေ့ နေ့လည်မှာ ရိုးမားကို သွားရောက်မှာဖြစ်ပြီး အငှားကြေးက ယူရို(၅)သန်းအထက်ဖြစ်ပါတယ်။
Read Moreစီရော်နယ်လ်ဒို ဒီစာရင်းထဲမှာ ၂၀၀၃ နောက်ပိုင်းပထမဆုံးအကြိမ် မပါဝင်ခဲ့ခြင်းက ထူးခြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။
Read Moreဒါဆို စံချိန်မှတ်တမ်းတွေကအလိုအလျောက်ဖြစ်လာပါလိမ့်မယ်။
Read Moreနိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့ချန်ပီယံလိဂ်မှာ ကစားရလိုက် မကစားရလိုက်အနေအထားမှာ ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတာ မသိတော့ပုံပါပဲ။
Read More