ကောင်းကောင်း ကစားနိုင်ရင်တောင် မနိုင်တော့တဲ့ မန်ယူ
----------------------------
မန်ယူ ၂ - ၃ ဂါလာတာစာရေး
ပွဲတစ်ပွဲကို ကောင်းကောင်း ကစားနိုင်ရဲ့သားနဲ့ မနိုင်ဘူးဆိုတာ အသင်းတစ်သင်းအတွက် တော်တော်ကို ဆိုးဝါးတဲ့ ကိစ္စပါ။ ဒီရာသီမှာ ဒီလိုဖြစ်နေတာ ပွဲတွေလည်းများနေပါပြီ။ အခုအနေအထားက မန်ယူနဲ့ ကစားတဲ့ အသင်းမှန်သမျှရလဒ်ကောင်းပါလိမ့်မယ်။ အဲ့လောက်ထိကို အသုံးမကျဖြစ်နေတာပါ။
ထုံးစံအတိုင်း ဂါလာတာစာရေးကို အစီးကစားပါတယ်။ ပွဲချိန်(၁၇)မိနစ်မှာပဲ ဟွိုင်းလန် က ရက်ရှ်ဖို့ဒ် ရဲ့ ဖန်တီးမှုကနေ ခေါင်းတိုက်ပြီး ဂိုးစသွင်းခဲ့ပါတယ်။ သိပ်မကြာလိုက်ပါဘူး။ ဒါလော့ ဇာဟာ ကို တစ်ဦးချင်း ရင်အဆိုင်မှာ ဘယ်လိုမှမထိန်းနိုင်ပဲ ပွဲချိန်(၂၃)မိနစ်မှာ ဂါလာတာစာရေးအတွက် ချေပဂိုးပြန်ပေးခဲ့ရပါတယ်။
ဒုတိယပိုင်း ပွဲချိန်(၆၇)မိနစ်မှာ ဟွိုင်းလန် မန်ယူအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပေမယ့် ခပ်မြန်မြန်ဆိုသလိုပဲ ပွဲချိန်(၇၁)မိနစ်မှာ Aktürkoğlu က ဂါလာတာစာရေးအတွက် ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။
(၂-၂)ဆိုတဲ့ အနေအထားအထိ မန်ယူနိုင်နိုင်ပါသေးတယ်။ ပွဲရဲ့အလှည့်အပြောင်းကတော့ အိုနာနာ လုပ်ခဲ့တာပါပဲ။ သူ့ရဲ့ ပေးပို့ပုံ ညံ့ဖျင်းခဲ့လို့ ကက်စ်မဲရိုး အနီကတ်ယူပြီး ပယ်နယ်တီဖြစ်အောင် လုပ်ခဲ့ရပါတယ်။ ဒီပယ်နယ်တီကို အီကာဒီ ကန်တာလွဲခဲ့ပေမယ့် (၁၀)ယောက် (၁၁)ယောက်မှာတော့ နိုင်ဖို့ဆိုတာ ခက်ခဲသွားခဲ့ပါတယ်။
ပွဲချိန်(၈၁)မိနစ်မှာ ဂါလာတာစာရေး အနိုင်ဂိုးရခဲ့ပြီး အီကာဒီ ကို မန်ယူခံစစ် လွှတ်ထားခဲ့တာကြောင့်လွတ်လွတ်ကျွတ်ကျွတ် ဘောလုံးကိုဆွဲယူရင်း ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
မန်ယူအသင်းက ပလိုင်းပေါက်နဲ့ ဖားကောက်သလိုဖြစ်ခဲ့ပြီး ကြိုးစားထားသလောက် ပေးလိုက်ရတဲ့ ဂိုးတွေကလည်း ပေါပေါပဲပဲဆန်လွန်းပါတယ်။ နောက်ခံလူတွေဖြစ်ပြီး လူကပ်ပုံကလည်း စပယ်ရှယ်ကို ညံံ့ခဲ့ကြတာပါ။ အိုနာနာ ကို ဆက်သုံးနေရင်တော့ တန်ဟက် ပြုတ်တော့မယ်လို့ပဲ ပြောချင်ပါတယ်။
ဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။
Read Moreအခုနောက်ပိုင်းထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတွေရဲ့ Idol က စီရော်နယ်လ်ဒို ဖြစ်နေတာမှာသူ့ရဲ့ ပုံရိပ်နဲ့ လွှမ်းမိုးမှု ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ထင်သာမြင်...
Read Moreဟာဇက် ဟာအသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Read Moreကောင်းတဲ့အချက်ကတော့ ခြေစွမ်းမကောင်းတောင် ပွဲတစ်ပွဲကို အနိုင်ယူနိုင်စွမ်းရှိတာဖြစ်ပါတယ်။
Read Moreကာဗာဟယ်လ် က ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်ကြား နားရမယ့် ပုံစံဖြစ်ပါတယ်။
Read More