ဒဏ်ရာကြောင့် နားရမယ့် အဲရစ်ဆင် နဲ့ ဟွိုင်းလွန်
----------------------------------
ဒီရာသီမှာ မန်ယူအသင်းကိုဒဏ်ရာတွေ ထိုးနှက်နေခဲ့တာအခုထိ မပြီးသေးပဲ ဆက်ပြီးထိုးနှက်နေတုန်းပါပဲ။ လူတန်တောင်းကို (၁-၀)နဲ့နိုင်တဲ့ပွဲမှာ အဲရစ်ဆင်နဲ့ဟွိုင်းလွန် တို့ ဒဏ်ရာရခဲ့ကြသလို အခုဆိုရင်တော့ ဒီကစားသမား (၂)ဦးနားရမယ့် အချိန်တွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။
အဲရစ်ဆင် က ဒူးဒဏ်ရာရခဲ့တာကြောင့် တစ်လလောက်အနားယူရဖို့ရှိနေပြီး တိုက်စစ်မှုး ဟွိုင်းလွန် ကိုတော့ မန်ယူအသင်းက နိုဝင်ဘာလမကုန်ခင်လောက်ပြန်လာဖို့ မျှော်လင့်ထားပါတယ်။ ဒီတော့ ကစားသမား (၂)ယောက်လုံးရဲ့ဒဏ်ရာက ထင်သလောက်မဆိုးတဲ့ ပုံစံလို့သာ ပြောရပါလိမ့်မယ်။
အဆိုးထဲက အကောင်းကတော့ဟွိုင်းလွန် ကို မြန်မြန်ပြန်လာနိုင်ဖို့ မျှော်လင့်နိုင်တာနဲ့ နိုင်ငံပွဲတွေ ဝင်လာတဲ့ အချိန်မှာဒဏ်ရာရခဲ့ကြလို့ အဓိကကစားသမား (၂)ဦးကိုအသင်းမှာပဲ အနားပေးလို့ရသွားခဲ့တာဖြစ်ပါတယ်။
အစောပိုင်း အနေအထားတွေအရကတော့ ရာသီကုန်မှာ အန်ဆယ်လော့တီ က ဘရာဇီးလ်အသင်းဆီ သွားကိုသွားမှာပါ။
Read Moreဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။
Read Moreရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
Read More(၂)သင်းလုံးအတွက် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ရေးအတွက် အရေးကြီးတဲ့ပွဲ ဖြစ်ပါတယ်။
Read Moreမနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Read More