ဆော်ဒီကို ငြင်းတဲ့ ဖာနန်ဒက်စ်
------------------------------
ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဖာနန်ဒက်စ် ကို ဆော်ဒီဘက်ကနေ ကြီးမားတဲ့ ကမ်းလှမ်းမှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
ဒါပေမယ့် ဖာနန်ဒက်စ် က ငြင်းခဲ့ပါတယ်။
ဒီအခြေအနေရှိခဲ့ပေမယ့် ဖာနန်ဒက်စ် အပေါ်သူတို့ရဲ့ စိတ်ဝင်စားမှုက လျော့ကျမသွားခဲ့ပါဘူး။
လာမယ့်နွေမှာ ဖာနန်ဒက်စ် ကိုကြိုးစားဖို့ စီစဥ်မှုတွေရှိနေတုန်းပါ။
ဖာနန်ဒက်စ် ကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့အသင်းကတော့ အယ်လ်ဟီလယ်အသင်း ဖြစ်ပါတယ်။
မန်ယူအသင်းမှာ ပြီးမြောက်အောင်လုပ်စရာရှိတာတွေ အများကြီးကျန်နေသေးတယ်လို့ ခံစားရတာကြောင့်ဖာနန်ဒက်စ် က ငြင်းခဲ့တယ်ဆိုပေမယ့် သူကိုယ်တိုင်လည်း မပြောင်းချင်လို့ပေးလိုက်တဲ့ အကြောင်းပြချက်တစ်ခုလို့သာ မြင်ပါတယ်။
အရာအားလုံး အဆင်ပြေပြီး ထိပ်တန်းအဆင့်မှာ ရှိနေတဲ့ ကစားသမားတစ်ဦး အနေနဲ့ ငွေကြေးသက်သက်ပဲမဟုတ်ရင် ဆော်ဒီကိုပြောင်းမယ့်အခြေအနေမရှိပါဘူး။
ဖာနန်ဒက်စ် လည်း ဒီအတိုင်းပါပဲ။ ဆော်ဒီက ကြိုးစားရင်တောင် သူက
ငြင်းနေဦးမှာပါ။
ဒီအထဲမှာတော့ နည်းပြရန်းနစ်ရဲ့ သြစတြီး ယားအသင်းကို မဖြစ်မနေထည့်ရပါလိမ့် မယ်။
Read Moreဖိုဒန် ရဲ့ အလန်းစားဂိုး ကစောစောစီးစီးပွဲပြီးပြီလို့ မပြောရုံတမယ်ဖြစ်ခဲ့တာပါ။
Read Moreဘီလ်ဘာအို မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပေးဆပ်ခဲ့သူပါ။
Read Moreမြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းပြောင်းခဲ့ရတဲ့အခါ ဒီကစားသမားတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲ နဲ့ လက်ရှိအခြေအနေတွေက ဘယ်လိုတွေဖြစ်နေလဲဆိုတာကိုကြည့်လိုက်...
Read MorePSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။
Read More