လီဗာပူးလ် - ချယ်လ်ဆီး
ကြာသပတေးမနက် (၂:၄၅)နာရီ
ဆာလာ ဒဏ်ရာရှိနေပြီး ကလာ့အသင်းကနေ ရာသီကုန်ထွက်တော့မယ်ဆိုတဲ့ အချိန်မှာ ချယ်လ်ဆီးနဲ့ ကစားရမှာဖြစ်လို့ ဖိအားတော့ရှိပါတယ်။ ပရီးမီးယားလိဂ်ကိုဆက်ပြီး ဦးဆောင်နိုင်ဖို့အတွက်အမှားလုပ်လို့တော့မရပါဘူး။ ပြိုင်ပွဲစုံအကောင်းဆုံး ရှေ့ဆက်နေပေမယ့် အခုနောက်ပိုင်းမှာ နည်းနည်းလေးတော့ ကျလာပါတယ်။ ဒီပွဲမှာတော့ မက်အယ်လစ္စတာ နဲ့ ကွင်းလယ်ထိန်းကြောင်းပုံက လီဗာပူးလ်ရမယ့် ရလဒ်နဲ့တိုက်ရိုက်အချိုးကျနေနိုင်ပါတယ်။
ချယ်လ်ဆီးကတော့ ဒီရာသီရှုံးထွက်ဖလားတစ်ခုခုနဲ့ ပရီးမီးယားလိဂ်ကနေ ယူရိုပါလိဂ်ဝင်ခွင့်ရရင် အဆင်ပြေပါပြီ။ လက်ရှိခြေစွမ်းက မှန်းဆရခက်နေပေမယ့် တစ်ရာသီလုံးဖြတ်သန်းမှုမှာတော့ အငြိမ်ဆုံးလို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ ချယ်လ်ဆီးက ဘယ်လိုရလဒ်ပဲ ထွက်ထွက်ဖိအားကင်းကင်းနဲ့ ကစားရမှာက ကျေနပ်စရာပါ။ ဒါပေမယ့် ချယ်လ်ဆီး နိုင်ဖို့ထိတော့ မဖြစ်နိုင်ပါဘူး။
ဒီပွဲအတွက်အနိုင်အရှုံးမှာတော့ အိမ်ရှင် လီဗာပူးလ်ကိုသာ ရွေးချင်ပါတယ်။ နည်းပြကလော့အတွက် ပိုကြိုးစားလာကြမယ့်ပွဲပါ။ လီဗာပူးလ် (၂-၁)လောက်နဲ့ နိုင်မယ် ခန့်မှန်းပါတယ်။
လီဗာပူးလ်ကလည်း အခွင့်အရေးတွေရပေမယ့် ဖြုန်းတာနဲ့ အိုနာနာ လက်စွမ်းပြတာတွေကြောင့် ပထမပိုင်းမှာတစ်ဂိုးသာရခဲ့ပါတယ်။
Read Moreမန်ယူအသင်း ရှုံးကိုရှုံးမယ်လို့ ထင်ထားခဲ့ကြပေမယ့် အဝေးကွင်းမှာ နည်းဗျူဟာကျ ကစားခဲ့ပြီး ရမှတ်တစ်မှတ်အရယူနိုင်ခဲ့ပါတယ်။
Read Moreမာတီနက်ဇ် ဟာ သူ့ရဲ့ခြေထောက် ဒဏ်ရာကို ဒုတိယအကြိမ် ခွဲစိတ်ကုသမှုခံယူရတော့မှာပါ။
Read Moreပယ်လ်မာ ကို မခေါ်ခင်တည်းက စိတ်ဝင်စားနေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
Read Moreမန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။
Read More