ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၀)

Published 1 year ago by Bawlonelive

ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၀)

" မန်ချက်စတာ က မိုးပြာရောင် " 

 စပါး ပရီးမီးယားလိဂ်ရမယ်ဆိုတဲ့အသံတွေက ရယ်ရွှင်ဖွယ်။ လက်စတာလို မထင်ထားတာ သူတို့လုပ်ပြမှာတဲ့လား။ တစ်ခေတ်မှာ တစ်ခါသာဖြစ်တတ်တဲ့ ပုံပြင်ဟောင်းကို မတူးဆွပါနဲ့တော့။ စပါး ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းရင် ဂျာရတ် ချော်လဲတဲ့နှစ်က လီဗာပူးလ်နဲ့ မနှစ်က အာဆင်နယ် တို့ အဖြစ်ကိုအမှတ်ရကြဖို့ ပြောချင်တယ်။ 

ချယ်လ်ဆီးက ချယ်လ်ဆီး မဟုတ်တော့ဘူးလား။ ဟုတ်လာပြီလို့ ထင်နေချိန်မှာပဲ ထပ်လွဲသွားပြန်တယ်။ ဘာတွေမှားနေလဲ ဆိုတာထက် (၂)ရာသီဆက်ဒီလိုဖြစ်နေခြင်းနောက်ကွယ်မှာ အသင်းက တန်းတစ်ခုနိမ့်ကျသွားပြီလားလို့မေးခွန်းထုတ်ချင်တယ်။ ချယ်လ်ဆီး ဆို အထင်မကြီးနဲ့တော့။ ချယ်လ်ဆီးက ဖြစ်ချင်သလိုကို ဖြစ်နေတာ။ 

ပြိုင်ဘက်က ရှက်ဖီးလ်ဆိုပေမယ့်ဟက်ထရစ်တိုင်း က ချိုမြိန်ပါတယ်။ မနှစ်ကထက် ပိုကောင်းလာပြီး ပိုအားကိုးလာရတဲ့ အန်ကီတီယာ ဖြစ်လာတာကအားရစရာပါ။ သူ တိုးတက်လာလို့အရင်ကလို တိုက်စစ်က ရုန်းကန်ရတာမျိုးတွေဖြစ်ဖို့ ခဲယဥ်းသွားပါပြီ။ ပြောနေကြ စကားကိုပဲထပ်ပြောရရင်တော့ဒီရာသီမှာ အာဆင်နယ်တစ်ခုခု ဖြစ်နိုင်ပါတယ်။ 

ပုံမှန်ခြေစွမ်း ၊ ပုံမှန်နိုင်ပွဲနဲ့ သွားနေတဲ့ လီဗာပူးလ် အတွက် ထူးထူးခြားခြား သိပ်ရှိမနေပါဘူး။ တစ်ရာသီသာ ရုန်းကန်ရပြီး ပြန်လာခဲ့တာကိုသာ ချီးကျူးရမှာပါ။ ချန်ပီယံဆုမျှော်လင့်ခွင့်ရှိတဲ့ အသင်းတစ်သင်းအနေနဲ့ မာကျောတဲ့အသင်းတွေနဲ့ရင်ဆိုင်ရတဲ့ ပွဲမှာ ဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာကသာ လီဗာပူးလ်အတွက် အဖြေဖြစ်ပါတယ်။ 

မန်စီးတီး ရဲ့ လုပ်ချင်သလို လုပ်သွားတဲ့ပွဲဟာ တန်ဟက် အပြစ်တွေကြောင့်ဆိုပေမယ့် ဒီထက်ပို ကြီးမားနေတာက ဒီ(၂)သင်းကြား ကွာခြားမှုပါ။ အရာအားလုံး ပြီးသွားတဲ့ခံစားချက်မျိုး ၊ မန်စီးတီးကို မယှဥ်နိုင်တော့ဘူး ဆိုတော့ ခံစားချက်မျိုးမန်ယူအားပေးသူတွေမှာ တွေ့ခဲ့ရပါတယ်။ တဖြည်းဖြည်းနဲ့ မန်စီးတီး ကမန်ချက်စတာကို ဝါးမြိုလာခဲ့တာပါပဲ။ မန်ယူ ကတော့ အနံကြီး ကွင်းကျယ် ၊ အထည်ကြီးပျက် ဆိုသလိုပေါ့။ အရင်ကဆို မန်ချက်စတာ ကအနီရောင် ဆိုပေမယ့် အခုတော့ မနီတော့ပါဘူး။ မန်ချက်စတာ က မိုးပြာရောင် ဖြစ်သွားပါပြီ။

တစ်လတာ အကောင်းဆုံးဆုထပ်ရတဲ့ စီရော်နယ်လ်ဒို

သူ့ကြည့်ရတာ ဘောလုံးကစားရတာလည်း တော်တော်လေးကိုပျော်ရွှင်နေတဲ့ပုံပါ။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၈)+(၁၉)

" အလှည့်အပြောင်းများစွာနဲ့ ပရီးမီးယားလိဂ် "

Read More
Ballon d'Or ဆုကို အပြိုင်လုကြမယ့် မက်ဆီ နဲ့ ဟာလန်း

သူတို့ (၂)ယောက်တည်းက (၁)ယောက်ပဲ ရပါလိမ့်မယ်။

Read More
PSG ကိုပြောင်းဖို့များနေတဲ့ အိုဆီမန်

PSG အသင်း နဲ့နီးနီးစပ်စပ်သတင်းတွေထွက်လာခဲ့ပါတယ်။

Read More
ပရီးမီးယားလိဂ်(၄)နှစ်ဆက်ချန်ပီယံ မန်စီးတီး

ဖိုဒန် ရဲ့ အလန်းစားဂိုး ကစောစောစီးစီးပွဲပြီးပြီလို့ မပြောရုံတမယ်ဖြစ်ခဲ့တာပါ။

Read More