မန်ယူ - မန်စီးတီး ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

မန်ယူ - မန်စီးတီး 

Super Sunday ည (၁၀:၀၀)နာရီ 

ပြိုင်ပွဲစုံ(၃)ပွဲဆက် နိုင်အပြီးမှာတော့ မန်ယူအသင်းနည်းနည်းတည်ငြိမ်လာခဲ့ပါတယ်။ ခြေစွမ်းသိပ်မကောင်းပေမယ့် နိုင်ပွဲတွေဆက်လာတာကတော့ အားရစရာပဲ ဖြစ်ပါတယ်။ ဒဏ်ရာအခြေအနေတွေနည်းလာတာနဲ့ လူပြန်စုံလာတာတွေမှာ ရလဒ်တွေပါတက်လာတာကတော့ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ ကောင်တာတိုက်စစ်ကောင်းနေတုန်းဆိုတာကိုလည်း ကိုပင်ဟေဂင်နဲ့ပွဲမှာမြင်ခဲ့ရပါတယ်။ လိုအပ်ချက်တွေများနေတုန်းဆိုပေမယ့် မန်ယူရဲ့ လက်ရှိအနေအထားက မန်စီးတီး ကို ယှဥ်ကစားနိုင်စွမ်းရှိပါတယ်။ 

မန်စီးတီးကတော့ ပုံမှန်အတိုင်းရှေ့ဆက်နေပေမယ့်အရင်ကလောက်တော့ မကောင်းတော့ပါဘူး။ ရိုဒရီ ပါခြင်း ၊ မပါခြင်းမှာ ရလဒ်တွေကွာခြားချက်ကြီးနေတာကလည်း ရေရှည်မှာအဆင်မပြေလို့ နည်းပြဂွါဒီယိုလာ ဖြေရှင်းရမယ့် အရာပါပဲ။ ပွဲကြီးတွေမှာ ပျောက်လေ့ရှိတဲ့ ဟာလန်း ဒီပွဲမှာ ဂိုးရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ နောက်တစ်ခုကတော့ ဒီပွဲမှာ မန်စီးတီး မန်ယူအမှားကိုစောင့်ကစားတာက ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်။ 

ဒီပွဲမှာတော့ မန်ယူအသင်းစိတ်ဓာတ်ပိုင်းတက်နေတဲ့ အနေအထား ၊ ကစားရမှာက အိမ်ကွင်း စတာတွေကြောင့် ရမှတ်ခွဲယူမယ့်ပွဲ ပိုဖြစ်နိုင်တယ်လို့ယူဆပါတယ်။ မန်ယူ (၁-၁)မန်စီးတီး ရလဒ်မျိုး အကြိုက်တွေ့မိပါတယ်။

ဟယ်ရီကိန်း ကို ယူရိုသန်း(၁၀၀)ကျော်နဲ့ ကမ်းလှမ်းလိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။

Read More
ဂျာမနီအသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဟန်ဆီဖီလစ်

လက်ရှိမှာတော့ ဂျာမနီအသင်းနည်းပြရာထူးအတွက် နာမည်ကျော်လူငယ်နည်းပြ နာဂယ်စ်မန်း က ရေပန်းစားနေပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၄)

" VAR မျဥ်းတစ်ကြောင်းကြောင့် ကွဲအက်သွားခဲ့တဲ့ အသည်းတွေ "

Read More
ဘိုင်ယန်မြူးနစ် ကို ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ ဒိုင်ယာ

ဘိုင်ယန်မြူးနစ်ကိုသွားဖို့ အခွင့်အရေးရတုန်းမှာ ဒိုင်ယာ က အမိအရဖမ်းဆုပ်ခဲ့တာဖြစ်ပါတယ်။

Read More
ချယ်လ်ဆီးကစားသမား ဖြစ်လာတဲ့ လာဗီယာ

Add-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။

Read More