တန်ဟက် ရဲ့ အသုံးစရိတ် ပေါင်သန်း (၃၀၀)ကျော်ပြီ
-------------------------------------
လာမယ့်ရာသီဟာ တန်ဟက် ရဲ့ မန်ယူနည်းပြဘဝ ဒုတိယမြောက်ရာသီဖြစ်ပါတယ်။ အခုအပြောင်းအရွှေ့ကာလ ကတော့ သူ့အတွက် (၃)ကြိမ်မြောက် အပြောင်းအရွှေ့ကာလပါ။
အသင်းကိုလည်း တန်ဟက် စိတ်တိုင်းကျပြင်ဆင်နေပြီး အပြောင်းအရွှေ့တွေကအချိန်နည်းနည်း ကြန့်ကြာတာမျိုးတွေရှိပေမယ့် အချိန်တန်ရင် သူ လိုချင်တဲ့သူ အကုန်ရနေပါတယ်။ အခုဆို တန်ဟက် ရဲ့ အပြောင်းအရွှေ့အသုံးစရိတ်ဟာ ပေါင်သန်း(၃၀၀)ကိုကျော်သွားပါပြီ။ တိတိကျကျပြောရရင်တော့ ပေါင်(၃၃၄.၆)သန်းရှိနေပါပြီ။
ဒါဟာ မာလာစီယာ ကနေ အိုနာနာ ကို ခေါ်ယူထားတဲ့အထိတွက်ချက်မှုသာဖြစ်ပြီး မကြေညာရသေးတဲ့ ဟွိုင်းလန် ရဲ့ အပြောင်းအရွှေ့ကိုပါ ထည့်တွက်မယ်ဆို ပေါင်သန်း(၄၀၀)နားကပ်သွားမှာဖြစ်ပါတယ်။အပြောင်းအရွှေ့ကာလ (၃)ခုမှာ သုံးစွဲထားတဲ့ ငွေပမာဏက များတယ်လို့ ပြောလို့ရပါတယ်။
ဒီလိုများရခြင်းအကြောင်းမှာလည်း ပြန်လည် ပြုပြင်ရတာတွေက များလို့ပါ။ ဒါပေမယ့် ဒီလိုအခြေအနေထက် ဘယ်လောက်ထိ သုံးထားလဲဆိုတာကိုသာ ပိုကြည့်ကြတာဖြစ်လို့ လာမယ့်ရာသီက ပြီးခဲ့တဲ့ရာသီကထက် ပိုအောင်မြင်အောင် တန်ဟက် လုပ်ပြဖို့လိုပါတယ်။
(၂၀၂၇)ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လစာငွေလည်း တိုးမြှင့်ရရှိသွားမှာပါ။
Read Moreရီးယဲလ်ဖြစ်နေလို့ကို မရှုံးခဲ့ပဲ ရှုံးတော့မယ့် အနေအထားကနေ သရေပြန်ရခဲ့တာဖြစ်ပါတယ်။
Read Moreလီဗာပူးလ်ကနေ ဘာစီလိုနာ ပြောင်းခဲ့တာက အခုလိုဖြစ်ရခြင်းတွေရဲ့ မြစ်ဖျားခံရာပါပဲ။
Read Moreအာဆင်နယ် ၃ - ၁ လီဗာပူးလ် အာဆင်နယ် ဒီပွဲဘာလို့နိုင်လဲဆိုပြီး မေးခွန်းထုတ်ရင် စိတ်ဓာတ်ကြောင့်ပဲလို့ ဖြေချင်ပါတယ်။ ။
Read More" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် "
Read More