လီဗာပူးလ်နဲ့ပွဲမှာ ပါဝင်လာမယ့် ဟာလန်း
------------------------------
ဟာလန်း ဒဏ်ရာရနေတဲ့ လီဗာပူးလ်နဲ့ပွဲ လွဲချော်နိုင်တယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ ဒီသတင်းတွေမှာ မတူညီတဲ့အမြင်(၂)ခုရှိခဲ့ပြီး ဒါတွေက လီဗာပူးလ်နဲ့ ပွဲကြီးပွဲကောင်းကို မလွဲစေချင်ကြတာနဲ့ ဟာလန်း မပါတဲ့ မန်စီးတီး တိုက်စစ် အသင်းကြီးအချင်းချင်း ပွဲမှာဘယ်လိုလာမလဲဆိုတဲ့ စိတ်ဝင်စားမှုတွေဖြစ်ကြပါတယ်။
အခုဆိုရင် ပထမတစ်ခုက အားသာသွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ဟာလန်းရဲ့ဒဏ်ရာ မပြင်းထန်တာကြောင့်လီဗာပူးလ်နဲ့ ပွဲအတွက် အဆင်သင့်ရှိနေမယ် ဆိုတာကြောင့်ပါပဲ။ မန်စီးတီးအသင်းအတွက်လည်း သတင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
ယူရိုခြေစစ်ပွဲလည်း မအောင်မယ့်အတူတူတော့ နော်ဝေအသင်းက ဟာလန်း ကို အနားပေးလိုက်တကြောင့် လာမယ့် လီဗာပူးလ်နဲ့ပွဲအတွက် ပိုပြီးအင်ပြည့်အားပြည့်ရှိသွားတဲ့ သဘောမျိုးပါပဲ။ ဒီတော့ ဒီရာသီ ပြိုင်ပွဲစုံ (၁၈)ပွဲမှာ (၁၇)ဂိုးထိသွင်းထားတဲ့ ဟာလန်း လီဗာပူးလ်နဲ့ပွဲမှာ ဘယ်နှစ်ဂိုးသွင်းနိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုနောက်ပိုင်းမှာ ဂိုးပြန်မြူးလာတဲ့ ဟာလန်း ဂိုးသွင်းနိုင်မလားဆိုတာ ရင်ခုန်စွာနဲ့ စောင့်ကြည့်သွားကြရဦးမှာပဲ ဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ စပါးနဲ့တွေ့တိုင်းရလဒ်ဆိုးလို့ပါပဲ။
Read More" VAR လွှမ်းမိုးသော နေ့ရက်များ "
Read Moreမနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Read Moreခရစ္စတယ်ပဲလေ့စ် ကို ရှုံးသွားတဲ့ပွဲမှာလည်းတိုက်စစ်မှုး မပါပဲ ကစားသွားလို့ အသင်းရဲ့ကစားပုံက အရှေ့ရောက်ရင် ဘာလုပ်လို့ဘာကိုင်ရမလဲ မသိတဲ့ပုံဖြစ်သွားပါတယ်။
Read Moreဒီတစ်ခါမှာတော့ လီဗာပူးလ်အသင်းရဲ့ ဂိုးပြတ်ရလဒ်နဲ့အတူ ပြီးဆုံးသွားခဲ့ပါပြီ။
Read More