မန်စီးတီးက မန်စီးတီး ပါပဲ

Published 1 year ago by Bawlonelive

မန်စီးတီးက မန်စီးတီး ပါပဲ

----------------------------- 

မန်စီးတီး ၃ - ၁ မန်ယူ 

ဒီပွဲက မန်စီးတီး ရော ၊ မန်ယူ ရော ကောင်းပါတယ်။ ရှုံးတဲ့အသင်းကို ဘာလို့ကောင်းတယ်ပြောလဲ မေးလို့ရပါတယ်။ အဖြေကတော့ တွမ်မီနေး ၊ ဖာနန်ဒက်စ် ၊ ကက်စ်မဲရိုး ၊ မိုင်နူး ကွင်းလယ် နဲ့ အဓိက ကစားသမား (၄)ဦးလောက် မပါပေမယ့် မန်စီးတီးကို အခက်တွေ့တောင်လုပ်နိုင်ခဲ့လို့ပါပဲ။ မန်ယူအသင်းရဲ့တိုက်စစ်မှုး အပျောက်ပုံစံမှာ တွမ်မီနေး နဲ့ ဖာနန်ဒက်စ် က တိုက်စစ်မှုး လိုလို ၊ No.10 Role လိုလိုကစားပြီး ၊ ခံစစ်ကိုလည်း ကူပါတယ်။ ဒီတော့ မန်စီးတီး ကစားရကျပ်သွားခဲ့ပါတယ်။ 

ဒီလိုနဲ့ ပွဲချိန် (၈)မိနစ်မှာ မန်ယူဂိုးစရပြီး အိုနာနာ အကွက်မြင်မှုကနေ ဖာနန်ဒက်စ် ခင်းပေးလိုက်တဲ့ ဘောလုံးကို ရက်ရှ်ဖို့ဒ် က အဝေးကန်ချက် အပြင်းကန်သွင်းယူခဲ့တာပါ။ မန်စီးတီး ဂိုးပေးလိုက်ရတဲ့ အချိန်မှာ ကစားတာပြာသွားပြီး ဖိအားဝင်သွားခဲ့ပါတယ်။ မန်စီးတီး ရဲ့ အသင်းလိုက်က သူ့ပုံစံအတိုင်းသူကောင်းပေမယ့် တကယ်တမ်း ဂိုးရဖို့အတွက်တော့ ရိုဒရီ ၊ ဒီဘရိုင်းနား ၊ ဖိုဒန် တို့ကသာ အဓိက ရုန်းနေရပြီး ကျန်တဲ့ကစားသမားတွေက သုံးမရပါဘူး။ 

ဒုတိယပိုင်းမှာ မန်ယူအသင်း ဘောလုံးပိုကိုင်လာနိုင်ခဲ့ပေမယ့် အလှည့်အပြောင်းတစ်ခုဖြစ်သွားပါတယ်။ ဒါကတော့ ရက်ရှ်ဖို့ဒ် ကို ဝေါ်လ်ကာ တားဆီးလို့ ရသင့်တဲ့ ပြစ်ဒဏ်ဘောမရခဲ့ပဲ အဲ့ကနေတစ်ဆင့် မန်စီးတီး ချေပဂိုးရသွားခဲ့တာဖြစ်ပါတယ်။ အဲဲဒါက မန်ယူအသင်းအတွက် နစ်နာပါတယ်။ ချေပဂိုးသွင်းသွားတဲ့ ဖိုဒန် ရဲ့ကန်ချက်ကတော့ အလန်းစားဖြစ်ပြီး ပွဲချိန် (၅၆)မိနစ်မှာ သွင်းယူခဲ့တာပါ။ (၁-၁)ဖြစ်သွားချိန်မှာ မန်စီးတီးပွဲဖြစ်သွားပြီး ပွဲချိန်ကြာလာတာနဲ့အမျှ မန်ယူတင်းခံထားတာတွေ လျှော့ကျလာခဲ့သလို ပွဲချိန်မိနစ် (၈၀)မှာတော့ ဖိုဒန် က ရလာတဲ့အခွင့်အရေးကို တိတိကျကျ နဲ့ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ မန်စီးတီးအတွက် နောက်ဆုံးဂိုးကိုတော့ အမ်မရာဘတ် ရဲ့အမှားကနေ မန်ယူနဲ့တွေ့တိုင်း ဂိုးမြူးတဲ့ ဟာလန်း က ပွဲချိန် (၉၁)မိနစ်မှာ သွင်းယူခဲ့တာပါ။ 

မန်ယူအသင်း ဦးဆောင်ဂိုးအရင်သွင်းပြီး ကစားတာလည်းမဆိုးတော့ မန်စီးတီး ခက်ခဲသွားခဲ့ရပေမယ့် အချိန်တန်တော့ မန်စီးတီးက မန်စီးတီး ပါပဲ နဲ့ ဇာတ်လမ်းပြီးခဲ့ပါတယ်။

မန်ယူ - ဘရိုက်တန် ပွဲကြိုသုံးသပ်ချက်

နည်းပြတန်ဟက်မှာလည်း မန်ယူအသင်းအတွက် နိုင်ပွဲရှာဖွေပေးရမယ်ဆိုတဲ့ ဖိအားရှိနေပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၃)

" တနင်္ဂနွေည ကို ဖုံးလွှမ်းသွားတဲ့ ဒါဝင်နူးနက်ဇ် အသံတွေ "

Read More
The Best ဆုကိုရခဲ့တဲ့ မက်ဆီ

ဒီတော့ မက်ဆီ က ဖီဖာရဲ့သားဆိုတဲ့ အသံတွေပိုကျယ်လောင်လာခဲ့တယ်။

Read More
ကိုပင်ဟေဂင် - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဒီ(၂)သင်းကြားမှာ ကွာခြားချက်တစ်ခုရှိသလို ပွဲအဖြေကိုပြောင်းလဲပေးနိုင်သူတွေကလည်း မန်ယူမှာသာရှိတာပါ။

Read More
ဒဏ်ရာကနေပြန်လာတဲ့ အန်ကွန်ကူ

ဒါဟာ လက်ရှိမှာ ခြေစွမ်းပိုင်းအတက်အကျ ပုံမှန်မရှိတဲ့ ချယ်လ်ဆီးအသင်းအတွက် အားရစရာအခြေအနေတစ်ခုပါပဲ။

Read More