ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အန်ဆယ်လော့တီ
--------------------------
ရီးယဲလ်နည်းပြအန်ဆယ်လော့တီ ရီးယဲလ်မှာပဲ ဆက်ရှိနေတော့မှာပါ။ အစောပိုင်း အနေအထားတွေအရကတော့ ရာသီကုန်မှာ အန်ဆယ်လော့တီ က ဘရာဇီးလ်အသင်းဆီ သွားကိုသွားမှာပါ။ဒါပေမယ့် လက်ရှိမှာတော့ အပြောင်းအလဲတွေဖြစ်သွားပြီး ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ကာ (၂၀၂၆)ခုနှစ်ထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။
အန်ဆယ်လော့တီ ဆက်ရှိဖြစ်သွားတာက ရီးယဲလ်အတွက် တကယ်ကောင်းပါတယ်။ဘာလို့လဲဆိုတော့ ရီးယဲလ်အသင်းရဲ့ ဒဏ်ရာအခြေအနေတွေကြောင့်ရှိတဲ့လူနဲ့ အဆင်ပြေအောင်လုပ်နေရတာ ၊ အသင်းကြီးတစ်သင်းမှာရှိသင့်တဲ့ အရည်အချင်းပြည့် အထောင်တိုက်စစ်မှုးမရှိတာ စတာတွေက တခြားနည်းပြသာဆို အခုလိုလမ်းကြောင်းမှန်ပေါ်ရောက်နေအောင် ထိန်းညှိုပေးဖို့မလွယ်ကူပါဘူး။
အန်ဆယ်လော့တီ ဆက်ရှိနေလို့ ရီးယဲလ်အသင်းရဲ့ လူငယ်ကစားသမားတွေ အနာဂတ်ပိုတောက်ပသွားမယ်လို့မြင်ပြီး တခြားနည်းပြတစ်ယောက်သာဆို ရုန်းကန်ရတဲ့ အသင်းတစ်သင်းဖြစ်သွားနိုင်ပါတယ်။ရီးယဲလ်အသင်းကတော့ မှန်ကန်တဲ့အရာတစ်ခုကိုလုပ်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
ဘောလုံးမှာက သူ့အလှည့် ၊ ကိုယ့်အလှည့်ပြန်ပေးရတာလေးတွေရှိလို့ ဒါလေးတွေထည့်တွက်မယ်ဆို အရင်ကလို (၅)ဂိုးပြတ်တွေ ဘာတွေဖြစ်မလာနိုင်တော့ပါဘူး။
Read Moreနည်းပြတန်ဟက် ရဲ့ နည်းစနစ်နဲ့ ကိုက်ညီမှုမရှိလို့ မန်ယူအသင်းကနေ ထွက်ခဲ့ရတဲ့ ဒီဂီယာ ဟာ ထိပ်တန်းအဆင့်လက်စွမ်းမှာရှိနေတုန်းဖြစ်ပါတယ်။
Read Moreလက်ရှိမှာတော့ ဒီဆာဆီ ဟာ ချယ်လ်ဆီးအသင်းရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။
Read Moreမနှစ် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုလုခဲ့ကြတဲ့အသင်း(၂)သင်းရဲ့ ပွဲဆိုတော့လည်း ပုံမှန်ထက်ပိုစိတ်ဝင်စားဖို့ကောင်းပါတယ်။
Read Moreအစောပိုင်း အနေအထားတွေအရကတော့ ရာသီကုန်မှာ အန်ဆယ်လော့တီ က ဘရာဇီးလ်အသင်းဆီ သွားကိုသွားမှာပါ။
Read More