ဆော်ဒီ သွားကိုသွားမယ့် နေမာ

Published 1 year ago by Bawlonelive

ဆော်ဒီ သွားကိုသွားမယ့် နေမာ

------------------------------------- 

အပြောင်းအရွှေ့သတင်းတွေထွက်နေတဲ့ နေမာ ရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းအဖြေထွက်ပါပြီ။ ထုံးစံအတိုင်း နေမာ ဆော်ဒီလိဂ်ကိုပဲသွားမှာပါ။ နေမာ PSG ကနေ ထွက်မယ်ဆိုတော့ ဘာစီလိုနာကိုပြန်ချင်ခဲ့သလို ဘာစီလိုနာကလည်း ခေါ်ချင်ခဲ့ပေမယ့် PSG လိုချင်တဲ့ ပြောင်းရွှေ့ကြေးကို မပေးနိုင်လို့ အပြောင်းအရွှေ့က ဖြစ်မလာခဲ့တာပါ။ 

တခြား ဥရောပကလပ်အသင်းတွေကလည်း နေမာ ရဲ့ မြင့်မားတဲ့ပြောင်းရွှေ့ကြေး ၊ မြင့်မားတဲ့လုပ်ခလစာ နဲ့ မကြာခဏ ဒဏ်ရာရတတ်တာတွေကြောင့် သူ့ကိုခေါ်ဖို့ တွန့်ဆုတ်နေကြပြီး ဒီလိုအချိန်မှာပဲ နေမာ က ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရသွားခဲ့ပါတယ်။ 

နေမာ နဲ့ အယ်လ်ဟီလယ်အသင်း တို့က (၂)နှစ်စာချုပ်အတွက် တန်​ကြေးက ယူရိုသန်း(၁၆၀)နဲ့ သဘောတူညီခဲ့တာဖြစ်လို့ နေမာ က တစ်နှစ်ကို ယူရိုသန်း(၈၀)ထိ ရရှိသွားမှာပါ။ မြင့်မားလွန်းတဲ့ လစာငွေဖြစ်ပြီး နေမာ ကတော့ ဆော်ဒီမှာ ပျော်ပျော်ကြီးလန်းပြီး ဘောလုံးကစားပါလိမ့်မယ်။

အချိန်ပေးဖို့ပြောတဲ့ ပိုချက်တီနို

ချယ်လ်ဆီးအသင်း အားပေးသူတွေက ပိုချက်တီနို ကို စိတ်ပျက်နေကြပြီ။

Read More
ထိုက်တန်စွာ နိုင်ခဲ့တဲ့ အာဆင်နယ်

မန်စီးတီးကို နိုင်သင့်တဲ့ အချိန်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၁၁)

" VAR လွှမ်းမိုးသော နေ့ရက်များ "

Read More
တိုက်စစ်အားဖြည့်နေတဲ့ PSG

တစ်ဖက်မှာ ဘာပေ ထွက်တော့မယ်ဆိုတော့ အသင်းရဲ့ တိုက်စစ်အားကိုလျော့မသွားအောင် အားဖြည့်နေတဲ့ သဘောပါပဲ။

Read More
ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့မယ့် ပယ်လ်မာ

မန်စီးတီး က သူတို့ရဲ့လူငယ်ထုတ်ကုန်တွေထဲက အကောင်းဆုံးတစ်ယောက်ကို ရောင်းချမယ့် ဆုံးဖြတ်ချက်က အံအားသင့်စရာကြီးပါ။

Read More