စပါးကွင်းမှာ နိုင်ခဲ့ပြီဖြစ်တဲ့ မန်စီးတီး
--------------------------------
စပါး ၀ - ၁ မန်စီးတီး
ဒီပွဲက မန်စီးတီး ဂိုးပြတ်တောင်နိုင်သင့်တဲ့ ပွဲပါ။ ဘာလို့မပြတ်ခဲ့တာလည်း ဆိုရင် ဟာလန်း မပါလို့ပါပဲ။ အထောင်တိုက်စစ်ကစားခဲ့တဲ့ အယ်ဗာရက်ဇ် က မစွံခဲ့ပါဘူး။ စပါးကလည်း အဲ့လိုပဲဖြစ်ပြီး ဂိုးမပေးရအောင် ကြိုးစားနေရင်းသာ အချိန်ကုန်ခဲ့ရတာပါ။
ကိုဗာချစ် ၊ ရိုဒရီ ၊ ဘာနာဒိုဆေးဗားလ် ၊ ဖိုဒန် ကွင်းလယ်ကို စပါးဘယ်လိုမှ မယှဥ်နိုင်ခဲ့ပဲ မန်စီးတီးကစားကွက်ထဲမှာ လိုက်မြောနေခဲ့ရပါတယ်။ မန်စီးတီး က ဂိုးပေါက်ကန်သွင်းခွင့်တွေအများကြီးရခဲ့ပေမယ့် ဂိုးနိုင်လောက်တာတွေ မဟုတ်ပဲ စပါးဂိုးသမားဆီ ရောက်ခဲ့တဲ့ ဘောလုံးတွေကလည်း ခပ်ပျော့ပျော့တွေသာ ဖြစ်ခဲ့ပါတယ်။
ပွဲချိန်မိနစ် (၆၀)ကျော်မှာတော့ နည်းပြဂွါဒီယိုလာ ဒိုကူ နဲ့ ဒီဘရိုင်း တို့ကိုထည့်ပြီး တိုက်စစ်အားမြှင့်ခဲ့ပါတယ်။ ဒီလိုလုပ်ခဲ့တာ အလုပ်ဖြစ်ခဲ့ပြီး မန်စီးတီးတိုက်စစ်အားပိုကောင်းလာခဲ့သလို ဒီဘရိုင်း လည်း အပိုင်ကန်ချက်တစ်ကြိမ်ကို ဖြုန်းတီးခဲ့ပါတယ်။ မန်စီးတီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ ပွဲချိန်(၈၈)မိနစ်မှာ ဒီဘရိုင်း ရဲ့ထောင့်ကန်ဘောကနေ လိုအပ်လာရင်အသင်းကို ကယ်တင်ပေးတတ်တဲ့ နောက်ခံလူ အကီ က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
စပါးကွင်းမှာ မနိုင်ဘူးဆိုတဲ့ အနေအထားကနေ မန်စီးတီး ပြန်လာခဲ့တဲ့ ပွဲဆိုပေမယ့် တိုက်စစ်ပိုင်းအားနည်းချက်ကတော့ တော်တော်လေးထင်ရှားခဲ့ပါတယ်။ မန်စီးတီးအတွက် ဟာလန်း အမြန်ဆုံးပြန်လာဖို့လိုနေပါပြီ။
ချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။
Read Moreကာလအတန်ကြာ အဖြေမထွက်ဖြစ်နေတဲ့ ဂရင်းဝုဒ် ရဲ့ ဇာတ်လမ်းက အဖြေထွက်သွားခဲ့တာပါပဲ။
Read Moreဆင်နယ်က ရမှတ်(၁၇)မှတ် ၊ မန်စီးတီး က ရမှတ်(၁၈)မှတ်ရရှိထားပြီး (၂)သင်းကြား ရမှတ် (၁)သာကွာနေပါတယ်။
Read Moreဘီလ်ဘာအို မှာ သူ့ရဲ့အကောင်းဆုံးအချိန်တွေကို ပေးဆပ်ခဲ့သူပါ။
Read Moreမန်စီးတီးအသင်းအတွက်လည်း သတင်းကောင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
Read More