မန်ယူ - ဂါလာတာစာရေး
ဗုဒ္ဓဟူးမနက် (၁:၃၀)နာရီ
ရလဒ်တွေဆိုးနေတဲ့ မန်ယူနဲ့ ရလဒ်ကောင်းတွေရနေတဲ့ ဂါလာတာစာရေး တို့ရဲ့ပွဲ ဖြစ်ပါတယ်။ဒီပွဲမှာသာ ရလဒ်ဆိုးရင် အခြေအနေပိုဆိုးသွားမှာဖြစ်လို့ မန်ယူအသင်းမဖြစ်မနေ အနိုင်ရဖို့လိုပါတယ်။ နောက်ဆုံး (၆)ပွဲမှာ (၄)ပွဲထိ ရှုံးထားသလို ခံစစ်ပိုင်း ဒဏ်ရာပြသနာတွေများနေပြီး တိုက်စစ်ပိုင်းကလည်း ဂိုးရဖို့ ရုန်းကန်နေရတဲ့ မန်ယူအသင်းအတွက် ခက်ခဲမယ့် ပွဲစဥ်ဖြစ်လာဖို့များပါတယ်။ ချန်ပီယံလိဂ်ပွဲစဥ်(၁)မှာ ဘိုင်ယန်မြူးနစ်ကို ရှုံးထားလို့ နောက်တစ်ဆင့်ကိုတက်ချင်ရင် အခု ပွဲစဥ်(၂)မှာ ရလဒ်ကောင်း ရယူသွားရမှာပါ။ ဒီပွဲကိုမှ မနိုင်ဘူးဆို နည်းပြတန်ဟက် လည်း အခြေအနေသိပ်မကောင်းနိုင်တော့ပါဘူး။ ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲတွေ ရလဒ်ဆိုးနေတာကို ချန်ပီယံလိဂ် အိမ်ကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြရပါလိမ့်မယ်။ ဝေဖန်ခံနေတဲ့ ရက်ရှ်ဖို့ဒ် ရဲ့ ခြေစွမ်း ဒီပွဲမှာ ဘယ်လိုရှိမလဲဆိုတာကိုလည်း စောင့်ကြည့်သွားရမှာပါ။
ဂါလာတာစာရေးကတော့ ရလဒ်တွေအရမ်းကောင်းနေပါတယ်။ ဒီရာသီမှာလည်း ရှူံးပွဲလုံးဝမရှိထားပါဘူး။ အသင်းရဲ့ ကစားသမား အင်အားကလည်း တောင့်တင်းမှုအပြည့်ရှိလို့ မန်ယူကို အဝေးကွင်းမှာ ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။ အီကာဒီ ၊ ဇာဟာ တို့ကတော့ ဒီပွဲရဲ့စောင့်ကြည့်ရမယ့်ကစားသမားတွေဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပွဲစဥ် (၁)မှာ ကိုပင်ဟေဂင် နဲ့ သရေကျထားလို့ နောက်တစ်ဆင့်ကိုတက်ချင်ရင်တော့ ဒီပွဲမှာ သရေ (၁)မှတ်တော့ အနည်းဆုံးရဖို့ လိုအပ်ပါတယ်။
ဒီပွဲက ခန့်မှန်းရခက်ခဲတဲ့ ပွဲမျိုးပါ။ ရုန်းကန်နေရတဲ့ အသင်းနဲ့ ကောင်းနေတဲ့ အသင်းကြားက အနိုင်ရမယ့် အသင်းကို ရွေးချယ်ရတာပါ။ အနိုင်အတွက်တော့ အိမ်ကွင်းအရှိန်နဲ့ ချန်ပီယံလိဂ် အစဥ်အလာ ဂါလာတာစာရေး ထက်ပိုကောင်းတဲ့ မန်ယူအသင်းကိုသာ ရွေးချယ်ချင်ပါတယ်။ မန်ယူအသင်း (၂ - ၁) နဲ့နိုင်မယ်လို့ ခန့်မှန်းလိုက်ပါတယ်။
ပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။
Read Moreမန်စီးတီးကို နိုင်သင့်တဲ့ အချိန်မှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။
Read Moreဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဖာနန်ဒက်စ် ကို ဆော်ဒီဘက်ကနေ ကြီးမားတဲ့ ကမ်းလှမ်း မှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
Read Moreမာနေး ဟာ အယ်လ်နာဆာ မှာ တစ်ပတ်လုပ်ခလစာပေါင်(၆)သိန်းခွဲထိ ရမှာဖြစ်လို့ မြင့်မားတဲ့ အနေအထားကို ရရှိသွားမှာပါ။
Read Moreစပါး နဲ့ အာဆင်နယ် က တန်းတစ်ခုကွာပါတယ်။ ဒီတော့ စပါး ဘယ်လိုပဲ ကြိုးစား ကြိုးစား အာဆင်နယ် ကို အရှုံးပေးလိုက်ရတာပါပဲ။
Read More