ဒိုင်ယာ ရဲ့ အနာဂတ် ဘာဖြစ်မလဲ

Published 1 year ago by Bawlonelive

ဒိုင်ယာ ရဲ့ အနာဂတ် ဘာဖြစ်မလဲ

--------------------------------- 

စပါးနောက်ခံလူ ဒိုင်ယာ နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ ဇာတ်လမ်းက အမျိုးစုံနေပါတယ်။ ပြောရရင်တော့ဒိုင်ယာ ဘိုင်ယန်မြူးနစ်ကိုပဲ ရောက်တော့မလို ၊ စပါးမှာပဲ ဆက်ရှိမလို ဖြစ်နေတာပါ။ 

အစောပိုင်းတုန်းကတော့ ဘိုင်ယန်မြူးနစ်စဥ်းစားနေတဲ့ နောက်ခံလူတွေထဲမှာ ဒိုင်ယာက တစ်ယောက်အပါအဝင်ဖြစ်ကြောင်း ၊နည်းပြတူဟယ်လ် ကလည်း သဘောကျကြောင်း ၊ ဘိုင်ယန်မြူးနစ်ကလည်း သူ့ရဲ့အရည်အချင်းတွေက အဆင်ပြေကြောင်းဖြစ်နေခဲ့ပါတယ်။ 

စပါးအသင်းကလည်း နောက်ခံလူသစ်ရှာတွေ့ရင် ဒိုင်ယာ ကို လက်လွှတ်တော့မှာပါ။ ဒီလိုအခြေအနေမျိုးမှာ အက်ဖ်အေဖလားလူစာရင်းမှာ ဒိုင်ယာ ပါမလာတော့ ဘိုင်ယန်မြူးနစ်ကို ရောက်တော့မယ်လို့ သတင်းတွေက ဖော်ပြကြပါတယ်။ 

ဒါပေမယ့် နည်းပြပိုစတီကိုဂလူး ကဒိုင်ယာ မပါတာ မနေ့ကလေ့ကျင့်ခန်းမှာ ဒဏ်ရာရခဲ့လို့ပါ ဆိုလာတော့အခြေအနေတွေက ဘာမှန်းမသိထပ်ဖြစ်ရပါတယ်။ဆက်ပြီး စောင့်ကြည့်သွားရမယ့်အပြောင်းအရွှေ့တစ်ခုဖြစ်ပြီးအပြောင်းအရွှေ့ဖြစ်လာရင်လည်း အငှားနဲ့ ဖြစ်ဖို့ကများပါတယ်။

ဒဏ်ရာကနေ ပြန်လာပြီဖြစ်တဲ့ ဂျေးဆု

ဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။

Read More
ဒီဇာဘီ ကို စိတ်ဝင်စားနေတဲ့ ရီးယဲလ်

ရီးယဲလ်အသင်းက နည်းပြသစ်ရှာပုံတော်ဖွင့်နေတာပါ။

Read More
ကာလရှည်နားရမယ့် တင်ဘာ

တင်ဘာ ရဲ့ ဒဏ်ရာအခြေအနေဟာ အာဆင်နယ်အသင်းအပေါ်လည်း သက်ရောက်မှုကြီးပြီး အသင်းရဲ့ အင်အားကို ထိခိုက်စေပါတယ်။

Read More
ဘာစီလိုနာ ကို ဂိုးပြတ်အနိုင်ယူပြီး ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့တဲ့ PSG

ပုံမှန်အတိုင်းသာဆို အိမ်ရှင်က စီးပြီးကစားရမှာဖြစ်ပေမယ့် ပထမအကျော့ရလဒ်ကို ထိန်းချင်စိတ်ကသာများနေခဲ့ပါတယ်။

Read More
နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့တဲ့ မန်ယူ

နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့ချန်ပီယံလိဂ်မှာ ကစားရလိုက် မကစားရလိုက်အနေအထားမှာ ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတာ မသိတော့ပုံပါပဲ။

Read More