စပါးကို အနိုင်ယူပြီး ချန်ပီယံဆုဆီ ခြေတစ်လှမ်းထပ်တိုးခဲ့တဲ့ အာဆင်နယ်

Published 11 months ago by Bawlonelive

စပါးကို အနိုင်ယူပြီး ချန်ပီယံဆုဆီ ခြေတစ်လှမ်းထပ်တိုးခဲ့တဲ့ အာဆင်နယ်

-------------------------------- 

စပါး ၂ - ၃ အာဆင်နယ် 

ဒီပွဲရဲ့အဖြေကတော့ (၂)သင်းကြား ကွာခြားချက်ပါပဲ။ စပါး နဲ့ အာဆင်နယ် က တန်းတစ်ခုကွာပါတယ်။ ဒီတော့ စပါး ဘယ်လိုပဲ ကြိုးစား ကြိုးစား အာဆင်နယ် ကို အရှုံးပေးလိုက်ရတာပါပဲ။ အာဆင်နယ် ကတော့ စပါးကို ဘယ်လိုအနိုင်ကစားရမလဲ ကောင်းကောင်းကြီးသိနေပြီး လိုအပ်​နေတဲ့နိုင်ပွဲကို အရယူခဲ့ပါတယ်။ 

ဒီပွဲမှာ စပါး ဘောလုံးကိုင်ချင်ရင် အာဆင်နယ် က ပေးကိုင်လိုက်ပါတယ်။ ဘောလုံးကိုင်ခွင့်ရပေမယ့် စပါးကစားပုံက အပျက်များတော့ အာဆင်နယ်က ဘောလုံးပြန်ရပါတယ်။ ဘောလုံးပြန်ရတာနဲ့ ကွင်းလယ်ကနေ တောင်ပံတွေဆီ တိုက်ရိုက်တိုက်စစ်သွားခဲ့ပါတယ်။ ဒီပုံစံကပဲ အလုပ်ဖြစ်သွားခဲ့တာပါ။ ပါတေး ပုံမှန်ခြေစွမ်းနဲ့ ကစားနိုင်ချိန်မှာ ရိုက်စ် လည်း ကစားရဝန်ပေါ့သွားတာက အပေါင်းလက္ခဏာဆန်တဲ့ အရာတစ်ခုပါပဲ။ ပေးလိုက်ရတဲ့ (၃)ဂိုးမှာ (၂)ဂိုးက ထောင်ကန်ဘောတွေဖြစ်ခဲ့လို့ စပါးခံစစ်က အာရုံစူးစိုက်မှုနည်းတယ်ပဲ ပြောရမှာပါ။ အာဆင်နယ်အတွက် ဂိုးတွေကို ပွဲချိန် (၁၅)မိနစ် ဟော့ဘတ် (og) ၊ (၂၇) နဲ့ (၃၈)မိနစ်တွေမှာတော့ ဆာကာ နဲ့ ဟာဗက်ဇ် တို့ကသွင်းယူခဲ့တာဖြစ်ပြီး ဆာကာ ရဲ့ ဒုတိယဂိုးမှာတော့ ဟာဗက်ဇ် ရဲ့ပေးပို့ပုံ ဆာကာ ရဲ့ ဂိုးသွင်းတိကျမှုတို့က အဆင့်အတန်းမြင့်ခဲ့ပါတယ်။ 

ဒုတိယပိုင်းမှာတော့ စပါးရဲ့ဂိုးတွေကိုမြင်ခဲ့ရပြီး ဒီလိုလုပ်ခဲ့တာက ဂိုးသမား ရာယာ ပါပဲ။ သူ့အမှားကြောင့် ရိုမဲရိုး ပွဲချိန် (၆၄)မိနစ် ချေပဂိုးသွင်းအပြီးမှာတော့ စပါးက စိတ်ဓာတ်တက်သွားကာ ကစားပုံလည်းပိုကောင်းလာခဲ့ပါတယ်။ ပွဲချိန် (၈၇)မိနစ် ဆွန်ဟောင်မင် ရဲ့ ပယ်နယ်တီဂိုးကြောင့် (၂-၃)ထိဖြစ်လာခဲ့ပြီး နောက်ထပ်ချေပဂိုးရဖို့ စပါးထပ်ကြိုးစားခဲ့ပေမယ့် အာဆင်နယ် က အနိုင်ရလဒ်ကို ထိန်းယူသွားခဲ့ပါတယ်။

အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဥ်တွေ ထွက်ပေါ်

ကွာတားဖိုင်နယ်အဆင့်မှာ အသင်းကောင်းတွေ တော်တော်များများတက်လာလို့ အရင်နှစ်တွေကထက် စိတ်ဝင်စားဖို့ပိုကောင်းပါတယ်။

Read More
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၇)

" မရှိသင့်တဲ့ VAR "

Read More
မန်စီးတီး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

(၂၀၁၅)ခုနှစ်နောက်ပိုင်း အာဆင်နယ်ကို အိမ်ကွင်း ပရီးမီးယားလိဂ်ပွဲမှာမရှုံးထားပါဘူး။

Read More
ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ စပါး

ဒီတစ်​ကြိမ်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ဟယ်ရီကိန်း အတွက် ယူရိုသန်း(၁၀၀)တန် ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့တာပါ။

Read More
မန်စီးတီးနဲ့ ပွဲအတွက် အဖြေမထွက်သေးတဲ့ ဆာကာ

ချန်ပီယံလိဂ်ပွဲမှာ ကြွက်သားဒဏ်ရာ ရခဲ့ပြီး ပထမပိုင်းမပြီးခင်မှာပဲ ဆာကာ ဟာ လူစားလဲခံခဲ့ရတာပါ။

Read More