မာနေး အယ်လ်နာဆာ ရောက်ပြီ

Published 1 year ago by Bawlonelive
မာနေး အယ်လ်နာဆာ ရောက်ပြီ
 -----------------------------------------------------
 
လီဗာပူးလ်ကနေ ဘိုင်ယန်မြူးနစ်အပြောင်းမှာ မာနေး ကို မျှော်လင့်ထားကြပေမယ့် ဆာနေး နဲ့ အကွဲအပြဲဇာတ်လမ်းအပြီးမှာတော့ အသင်းကနေ ထွက်ခွာခဲ့ရတာ သိပ်တော့လည်းမဆန်းပါဘူး။ နောက်ဆုံးတော့လည်း မာနေးတစ်ယောက်အယ်လ်နာဆာ ကို ရောက်သွားခဲ့ပါပြီ။
 
အယ်လ်နာဆာ ကတော့ အသက်(၃၁)နှစ်အရွယ် မာနေး အတွက် ပြောင်းရွှေ့ကြေးပေါင်(၃၄)သန်း သုံးခဲ့ပြီး (၂၀၂၇) ခုနှစ်ထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မာနေး ဟာ အယ်လ်နာဆာ မှာ တစ်ပတ်လုပ်ခလစာပေါင်(၆)သိန်းခွဲထိ ရမှာဖြစ်လို့ မြင့်မားတဲ့ အနေအထားကို ရရှိသွားမှာပါ။
 
မာနေး ရောက်လာလို့ စီရော်နယ်လ်ဒို လည်း ကစားပေါက်ပိုချောင်သွားနိုင်သလို အခွင့်အရေးတွေလည်း ပိုရလာနိုင်တာကြောင့် မာနေး နဲ့ စီရော်နယ်လ်ဒို တိုက်စစ်အတွဲကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ လက်ရှိမှာတော့ အယ်လ်နာဆာအစုအဖွဲ့ဟာ တောင့်တင်းနေပြီး စီရော်နယ်လ်ဒို ၊ မာနေး ၊ ဘရိုဇိုဗစ် ၊ တဲလက်စ် ၊ အော့စ်ပင်နာ ၊ တယ်လစ်စကာ တို့နဲ့ ရှေ့ဆက်ကြပါလိမ့်မယ်။
 
ပရီးမီးယားလိဂ် ဒိုင်ယာရီ (၇)

" မရှိသင့်တဲ့ VAR "

Read More
ဒေါ့မွန်ကို အငှားနဲ့ပြောင်းတော့မယ့် ဆန်ချို

အငှားကြေးက ယူရို (၄)သန်းသာဖြစ်လို့ တကယ့်ကိုသက်သက်သာသာနဲ့ ဒေါ့မွန် ကဆန်ချို ကိုပြန်ရခဲ့တာပါ။

Read More
မန်ယူ - စပါး ပွဲကြိုသုံးသပ်ချက်

မန်ယူအသင်းက အကျပိုင်းရောက်နေချိန်မှာတောင် ချယ်လ်ဆီး ၊ ဗီလာ တို့ကိုနိုင်ထားလို့ လျှော့တွက်လို့တော့မရပါဘူး။

Read More
ဥရောပစူပါဖလား ကို အရယူခဲ့တဲ့ မန်စီးတီး

ပယ်နယ်တီအဆုံးအဖြတ်မှာတော့ မန်စီးတီးက အကုန်ဂိုးဝင်ခဲ့ပြီး ဆီဗီလာ က နောက်ခံလူ ဂူ​ဒဲလ် လွဲချော်ခဲ့တာကြောင့် မန်စီးတီး ချန်ပီယံဖြစ်ခဲ့ပါတယ်။

Read More
PSG နဲ့အသံတွေထွက်နေတဲ့ ရက်ရှ်ဖို့ဒ်

စည်းကမ်းပိုင်းအားနည်းမှုကြောင့်အပြစ်ပေးခံထားရချိန်မှာ အချိန်ကိုက်ဆိုသလိုကို စိတ်ဝင်စားတဲ့သတင်းက ထွက်လာခဲ့တာပါ။

Read More