စပါး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

စပါး - လီဗာပူးလ်

စနေည (၁၁:၀၀)နာရီ 

 

လက်ရှိမှာ ပုံစံကောင်းရနေတဲ့ အသင်း(၂)သင်းရဲ့ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပါတယ်။စပါးအသင်းက ရမှတ်(၁၄)မှတ်နဲ့ အဆင့် (၄)နေရာမှာရှိနေပြီး လီဗာပူးလ်အသင်းကတော့ ရမှတ်(၁၆)မှတ်နဲ့ အဆင့် (၂)နေရာမှာရှိနေပါတယ်။ (၂)သင်းလုံး ပွဲစဥ်(၆)ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲလုံးဝမရှိကြသေးပါဘူး။ 

စပါးကတော့ တော်တော်ကောင်းနေပါတယ်။ ကစားအားကလည်း တစ်ပွဲလုံး အင်ပြည့်အားပြည့်ကစားနိုင်ပါတယ်။ နေရာစုံကောင်းနေတာဖြစ်ပြီး အဓိကက စိတ်ဓာတ်ပိုင်းအရင်ကထက် ပိုကောင်းလာခဲ့တာပါ။ ဆွန်ဟောင်မင် ၊ မတ်ဒီဆင် အတွဲကတော့ စပါးရဲ့ ဦးဆောင်သူတွေလို့သာ ပြောရပါလိမ့်မယ်။မန်ယူကို နိုင် ၊ အာဆင်နယ်ကို သရေကစားထားနိုင်တဲ့ စပါးဟာ လီဗာပူးလ်ကို အိမ်ကွင်းမှာ ရှုံးစရာအကြောင်းမရှိဘူးလို့ မြင်ပါတယ်။ အချိန်တိုအတွင်း စပါးအသင်းကို အခုလိုဖြစ်လာအောင် လုပ်ပေးခဲ့တဲ့ နည်းပြပိုစတီကိုဂလူး ကိုတော့ ချီးကျူးကြရပါလိမ့်မယ်။ 

လီဗာပူးလ်ကတော့ လီဗာပူးလ်ပြန်ဖြစ်လာခဲ့ပါပြီ။ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် မန်စီးတီးကို ဖိအားပေးမယ့် အသင်းဆိုရင်လည်း မမှားပါဘူး။ကွင်းလယ်ပိုင်း တိုးတက်လာခဲ့ပြီး ဒါဝင်နူနက်ဇ် ရဲ့ ပုံစံကောင်းတွေကြောင့် အသင်းက ပိုကောင်းလာခဲ့တယ်လို့လည်း ပြောလို့ရပါတယ်။ လီဗာပူးလ်အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး(၇)ပွဲဆက်လည်း နိုင်ထားပါတယ်။ ပြိုင်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်နေတာကြောင့် လီဗာပူးလ် ပွဲပန်းတဲ့ ဒဏ်ကိုတော့ အနည်းနဲ့အများခံစားနေရနိုင်ပါတယ်။ ဒီရာသီ ချန်ပီယံဆုကို စိန်ခေါ်တဲ့အသင်းဖြစ်ချင်ရင်တော့ ဒီပွဲမှာ အနည်းဆုံးသရေ(၁)မှတ်တော့ လီဗာပူးလ်ရဖို့လိုပါတယ်။ 

ဒီပွဲမှာတော့ စပါးကို ပိုကြိုက်မိပါတယ်။ ပိုကြိုက်မိတယ်ဆိုပေမယ့် စပါးနိုင်မယ်ပြောတာမျိုးမဟုတ်ပဲ သရေကျမယ်လို့ ဆိုလိုတာမျိုးဖြစ်ပါတယ်။(၂)သင်းပေါင်း သွင်းဂိုးနည်းမယ့်ပွဲ ဖြစ်ပြီး ဂိုးရလဒ်ကိုတော့(၁-၁)လို့ ခန့်မှန်းချင်ပါတယ်။

လိုင်ယွန်နည်းပြဖြစ်လာနိုင်တဲ့ လမ်းပတ်

လိုင်ယွန်အသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့်နည်းပြဘလန့် ကို ရာထူးကနေထုတ်ပယ်အပြီးမှာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုနေခဲ့တာပါ။

Read More
မျှတခဲ့တဲ့ သရေရလဒ်

ဒီပွဲကြည့်ပြီး ထွက်လာတာက (၂)သင်းလုံး ဘာလို့ ကိုင်စီဒို ကို လိုချင်တာလဲ ဆိုတဲ့ အဖြေပါ။

Read More
မန်စီးတီး - မန်ယူ ပွဲကြိုသုံးသပ်ချက်

ခြေစွမ်းမကောင်းတောင် ပွဲကို အနိုင်ကစားနိုင်တဲ့ ချန်ပီယံအသင်းတွေမှာသာရှိတဲ့ အရာမျိုး မန်စီးတီးမှာရှိနေလို့ ဒီအချက်ကလည်း အားရစရာပါ။

Read More
ဘာကာမှာ ပျော်တဲ့ ဒီယွန်း

ဒီယွန်း က ဒီအရာတွေအားလုံးက အတုအယောင်တွေလို့သာပြောသွားခဲ့ပါတယ်။

Read More
အင်တာမီလန်ကို ပြောင်းမယ့် ဆွန်းမား

အသက်(၃၄)နှစ်အရွယ် ဝါရင့်ဂိုးသမား ဆွန်းမား ကို ယူရို(၆)သန်းနဲ့ ပြန်လည် ခေါ်ပါတော့မယ်။

Read More