လိုင်ယွန်နည်းပြဖြစ်လာနိုင်တဲ့ လမ်းပတ်
-----------------------------------
ချယ်လ်ဆီး ဂန္ထဝင် လမ်းပတ် ဟာ နည်းပြလောကထဲကိုပြန်ဝင်လာဖို့ရှိနေပါတယ်။ ဒီတစ်ခါမှာတော့ လမ်းပတ် ကို စိတ်ဝင်စားနေတဲ့ အသင်းက ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းပါ။
လက်ရှိမှာ လမ်းပတ် နဲ့ လိုင်ယွန်အသင်းတို့ဆွေးနွေးခဲ့တယ်လို့ သတင်းတွေထွက်နေပြီး လမ်းပတ် ဟာ လိုင်ယွန်နည်းပြသစ်ဖြစ်လာနိုင်ပါတယ်။ လိုင်ယွန်အသင်းဟာ ရာသီအစ ရလဒ်ဆိုးတွေကြောင့်နည်းပြဘလန့် ကို ရာထူးကနေထုတ်ပယ်အပြီးမှာ လမ်းပတ် ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုနေခဲ့တာပါ။
လမ်းပတ် ရဲ့ နည်းပြဘဝအနေအထားကို ကြည့်မယ်ဆိုဒါဘီအသင်းမှာ စွမ်းဆောင်ရည်မဆိုးခဲ့ပေမယ့် ချယ်လ်ဆီး ၊ အဲဗာတန်တို့မှာ ရုန်းကန်ခဲ့ရပါတယ်။ လိုင်ယွန်နည်းပြရာထူးဟာ လမ်းပတ် အတွက် အခွင့်အရေး နောက်တစ်ခုလည်း ဖြစ်ပါတယ်။
လိုင်ယွန်အသင်းကလည်း လက်ရှိအချိန်ထိ လီဂူးမှာ နိုင်ပွဲမရသေးသလို အမှတ်ပေးဇယားအောက်ဆုံးကိုလည်း ရောက်နေလို့ လမ်းပတ် ကို စောင့်ကြိုနေတဲ့ စိန်ခေါ်မှုတွေကလည်း အပြည့်ဖြစ်ပါတယ်။
နည်းပြတန်ဟက် ကိုတောင်းပန်လိုက်ရင် အဆင်ပြေမယ့်အရာကို မတောင်းပန်တော့အခြေအနေတွေက ပိုရှုပ်ထွေးကုန်ခဲ့တာပါ။
Read More" ကံကောင်းသွားတဲ့ မန်စီးတီး နဲ့ (၆)ပွဲဆက် ဟွိုင်းလွန် "
Read Moreဂိုးတွေလည်းမြိုင်ခဲ့လို့ ကြည့်ကောင်းခဲ့ပါတယ်။
Read Moreဒီဒဏ်ရာကြောင့် (၁)လကြာ လီဝန်ဒေါစကီး အနားယူရဖို့ရှိနေပါတယ်။
Read Moreအာဆင်နယ် ၃ - ၁ လီဗာပူးလ် အာဆင်နယ် ဒီပွဲဘာလို့နိုင်လဲဆိုပြီး မေးခွန်းထုတ်ရင် စိတ်ဓာတ်ကြောင့်ပဲလို့ ဖြေချင်ပါတယ်။ ။
Read More