မျှတခဲ့တဲ့ သရေရလဒ်

Published 1 year ago by Bawlonelive

မျှတခဲ့တဲ့ သရေရလဒ်

------------------------------------- 

ချယ်လ်ဆီး ၁ - ၁ လီဗာပူးလ် 

ချယ်လ်ဆီးက စိုးရိမ်စရာဖြစ်နေမလား တွေးမိခဲ့ပေမယ့် တကယ်တမ်းစိုးရိမ်နေရတာ လီဗာပူးလ်ဖြစ်နေတယ်။ ခံစစ်ပိုင်း အားနည်းမှုရှိတယ်။ ဂျက်ဆင် လွတ်ထွက်သွားတာနဲ့ ကန်ခွင့်ရတာတွေရှိတယ်။ သူအခွင့်အရေးမယူနိုင်ခဲ့လို့သာ လီဗာပူးလ် ခံသာခဲ့တာပါ။ ဆိုဘိုဆလိုင် နဲ့ မက်အယ်လစ္စတာ တို့ကတော့ မှန်ကန်တဲ့ခေါ်ယူမှုတွေဖြစ်ခဲ့ပါတယ်။ ဂတ်ပို ကို ကွင်းလိုလို ၊ တိုက်စစ်လိုလို လုပ်နေတာကို နည်းပြယာဂန်ကလော့ ဆင်ခြင်ဖို့လိုပြီး ဒါဟာ ကစားသမားရဲ့ ပုံမှန်ခြေစွမ်းကို ထိခိုက်စေပါတယ်။ လီဗာပူးလ်ကတော့ ထုံးစံအတိုင်း ဆာလာ ကို တည်ကစားခဲ့ပြီး သူ့နဲ့ မက်အယ်လစ္စတာ က အတွဲညီခဲ့ပါတယ်။ လီဗာပူးလ် ရခဲ့တဲ့ ဂိုးကလည်း သူတို့ (၂)ယောက်ရဲ့ အတွဲအဖက်ကနေ ဆာလာ က အကွက်မြင်မြင်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဒီယက်ဇ် က အလိုက်သင့်ပြေးဝင်ပိတ်သွင်းပြီး ပွဲချိန်(၁၈)မိနစ်မှာ လီဗာပူးလ်ကို ဦးဆောင်စေခဲ့တယ်။ 

လီဗာပူးလ်က တိုက်ရိုက်တိုက်စစ်ဆင်တာကောင်းခဲ့ပေမယ့် ပြောစရာက ဆာလာ မှမလှုပ်ရင် တိုက်စစ်က အလုပ်မဖြစ်ပါဘူး။ သူကသာ တခြားတိုက်စစ်ကစားသမားတွေကို အကူအညီပေးနိုင်ပြီး တခြားတိုက်စစ်ကစားသမားတွေကတော့ သူ့ကို အကူအညီသိပ်မပေးနိုင်ကြပါဘူး။ ဒီပွဲ ခြေစွမ်းအရတော့ လီဗာပူးလ်မှာ နည်းပြယာဂန်ကလော့ ပြင်ဆင်စရာတွေရှိနေပါသေးတယ်။ 

နည်းပြပိုချက်တီနို ရဲ့ ချယ်လ်ဆီးကတော့ ကွင်းလယ်ကစားပုံ အဆင့်မြင့်ပြီး ကွင်းလယ်ကနေပဲ တစ်ဆင့်ခြင်းစီ တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒီလိုလုပ်နိုင်တဲ့ အဓိက အဖြေကတော့ အန်ဇိုဖာနန်ဒက်ဇ် ဖြစ်ပြီးပြောစရာ ဘာမှမရှိအောင်ကို ကောင်းခဲ့သလို ကွင်းလယ်ကနေ ဘောလုံးဆင်ပေးတာ ၊ ပြိုင်ဘက်ကွင်းလယ်ကို ထိန်းချုပ်ခဲ့တာ အရာအားလုံးပြည့်စုံခဲ့ပါတယ်။ နောက်တစ်ခုကတော့ အသင်းလိုက်ကစားပုံ ဖြစ်ပြီး တော်တော်လေးကိုတိုးတက်လာခဲ့ပါတယ်။ ချယ်လ်ဆီးအတွက် ချေပဂိုးကိုတော့ ထောင့်ကန်ဘောကနေ ထွက်လာတဲ့ ဘောလုံးကို ချီဝဲလ် ခေါင်းတိုက်ချပေးလိုက်ရာမှာ ကစားသမားသစ် ဒီဆာဆီ က ပွဲချိန်(၃၇)မိနစ်မှာ ဂိုးအဖြစ်ပြောင်းလဲခဲ့တာပါ။ ဒီဂိုးကတော့ လီဗာပူးလ်ခံစစ် ပေါ့ဆတာကြောင့် ပေးလိုက်ရတာဖြစ်ပြီး ဒီဆာဆီ ကတော့ ချယ်လ်ဆီး ကစားသမားဘဝ ပွဲဦးထွက်မှာပဲ ဂိုးသွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲကြည့်ပြီး ထွက်လာတာက (၂)သင်းလုံး ဘာလို့ ကိုင်စီဒို ကို လိုချင်တာလဲ ဆိုတဲ့ အဖြေပါ။ နည်းပြယာဂန်ကလော့ ကတော့သူ့အသင်းရဲ့ အားနည်းချက်ကို သိနေလို့ အသင်းရဲ့အင်ဂျင်တစ်ခုအဖြစ် ကိုင်စီဒို ကို လိုချင်နေတာဖြစ်ပြီး ချယ်လ်ဆီးအသင်းဆီသာ ကိုင်စီဒို ရောက်သွားရင်တော့ ပြိုင်ဘက်အသင်းက သူ့တို့ရဲ့ကွင်းလယ်ကို အသာရဖို့ တော်တော်လေး ခက်သွားတော့မှာပါ။ 

ချယ်လ်ဆီးနဲ့ လီဗာပူးလ်ပွဲက ကြည့်ကောင်းတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့တယ်လို့ ပြောချင်ပြီး သရေရလဒ်က (၂)သင်းလုံးအတွက် မျှတခဲ့တယ်လို့ မြင်ပါတယ်။

အန်ဖီးလ်မှာ ရမှတ်ခွဲယူခဲ့တဲ့ လီဗာပူးလ် နဲ့ မန်ယူ

မန်ယူအသင်း ရှုံးကိုရှုံးမယ်လို့ ထင်ထားခဲ့ကြပေမယ့် အဝေးကွင်းမှာ နည်းဗျူဟာကျ ကစားခဲ့ပြီး ရမှတ်တစ်မှတ်အရယူနိုင်ခဲ့ပါတယ်။

Read More
အဖွင့်ပွဲလွဲမယ့် လီဝန်ဒေါစကီး

လက်ရှိမှာ လီဝန်ဒေါစကီး က ကြွက်သားဒဏ်ရာရနေတာပါ။

Read More
အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီး

အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။

Read More
ဒီယွန်း ကို စာချုပ်သစ်ကမ်းလှမ်းဖို့ရှိနေတဲ့ ဘာစီလိုနာ

မန်ယူကိုမသွားချင်လို့ ဘာစီလိုနာမှာ ကပ်သပ်ပြီးနေခဲ့သလို အခုဆိုရင်တော့ သူ့ဖြစ်ချင်တာဖြစ်ရပါပြီ။

Read More
မန်ယူ - စပါး ပွဲကြိုသုံးသပ်ချက်

မန်ယူအသင်းက အကျပိုင်းရောက်နေချိန်မှာတောင် ချယ်လ်ဆီး ၊ ဗီလာ တို့ကိုနိုင်ထားလို့ လျှော့တွက်လို့တော့မရပါဘူး။

Read More