မန်စီးတီး - မန်ယူ ပွဲကြိုသုံးသပ်ချက်

Published 1 year ago by Bawlonelive

မန်စီးတီး - မန်ယူ

Super Sunday ည (၁၀:၀၀) နာရီ 

မန်စီးတီးအသင်းမှာ စိတ်ဝင်စားဖို့ကောင်းတာက ချန်ပီယံဖြစ်ထားတဲ့ ဖလား (၃)လုံးလုံးကို ပြန်လည်ကာကွယ်နိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေတာပါ။ လက်ရှိခြေစွမ်းက တည်ငြိမ်လွန်းပြီး ပုံစံကျလွန်းသလို System တစ်ခုလို ရှေ့ဆက်နေလို့ တခြားအသင်းတွေထက် အများကြီးပိုသာနေပါတယ်။ ခြေစွမ်းမကောင်းတောင် ပွဲကို အနိုင်ကစားနိုင်တဲ့ ချန်ပီယံအသင်းတွေမှာသာရှိတဲ့ အရာမျိုး မန်စီးတီးမှာရှိနေလို့ ဒီအချက်ကလည်း အားရစရာပါ။ မန်စီးတီး ချန်ပီယံလမ်းကြောင်းပေါ်မှာ ဆက်ရှိစေချင်ရင်တော့ ဒီပွဲကိုနိုင်အောင် ကစားရပါလိမ့်မယ်။ 

မန်ယူကတော့ ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ ချန်ပီယံလိဂ်ဝင်ဖို့ထက် ပွဲတိုင်းကိုသာ ရလဒ်ကောင်းနိုင်သလောက် ကြိုးစားကစားတာကသာ အဆင်ပြေဆုံး ဖြစ်နိုင်ပါတယ်။ အခုနောက်ပိုင်း မန်စီးတီးနဲ့ကစားရင် ရှိန်နေတာမျိုးကိုလည်း ဒီပွဲမှာပြင်ဖို့လိုပါတယ်။ နိုင်နိုင် ရှုံးရှုံး အချိန်တန်ရင် အဆင့် (၆)က (၆)ပဲ ဖြစ်လို့ နည်းပြတန်ဟက် ကောင်တာချောင်းတာထက် မန်စီးတီး ရဲ့ ခံစစ်အစွန်တွေကနေ ဖိအားပေးကစားသင့်ပါတယ်။ 

ဒီပွဲရဲ့ ရလဒ်ခန့်မှန်းမှုမှာတော့ ဘယ်လိုအ​ခြေအနေတွေပဲ ရှိရှိ မန်စီးတီးကိုသာ ရွေးချယ်ရမှာပါ။ မန်စီးတီးနိုင်မယ်။(၂-၀)လောက် ဖြစ်နိုင်ပါတယ်။

လူထပ်မခေါ်တော့တဲ့ ရီးယဲလ်

ရီးယဲလ်ကတော့ တိုက်စစ်ပိုင်းကို ဗင်နီစီယက်စ် ၊ ရိုဒရီဂို ၊ ဟိုဆေးလူ တို့နဲ့သာ ရှေ့ဆက်ပါလိမ့်မယ်။

Read More
ဂျက်ဆင် ကြောင့် အက်ဖ်အေဖလား ဗိုလ်လုပွဲနဲ့ဝေးခဲ့ရတဲ့ ချယ်လ်ဆီး

မန်စီးတီးကတောင် အနိမ့်ပိုင်းရောက်နေတဲ့ အချိန်တွေရှိခဲ့ပြီး အနိုင်ရလဒ်က ကံတရားဖေးမမှုလို့တောင် ပြောလို့ရပါတယ်။

Read More
အက်သလက်တီကို မှာပဲ ဆက်ရှိနေမယ့် မိုရာတာ

ဒီတော့ အပြောင်းအရွှေ့ကာလရောက်ပြီဆို မိုရာတာ ဟာ အမြဲတမ်း အပြောင်းအရွှေ့သတင်းတွေထွက်ပါတယ်။

Read More
ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဥ်တွေ ထွက်ပေါ်

မန်ယူ - နယူးကာဆယ် ၊ ဝက်စ်ဟမ်း - အာဆင်နယ် ပွဲစဥ်တွေကပွဲကောင်းတွေ အဖြစ်ရှိနေပါတယ်။

Read More
ရီးယဲလ်အသင်းနဲ့ သတင်းတွေထွက်လာတဲ့ မော်ရင်ဟို

ဆော်ဒီကိုမသွားချင်တဲ့ မော်ရင်ဟိုကို ရီးယဲလ်ကသာ ကမ်းလှမ်းလာရင်မော်ရင်ဟို လုံးဝကို လက်ခံပါလိမ့်မယ်။

Read More