အင်တာမီလန်ကို ပြောင်းမယ့် ဆွန်းမား
----------------------------------------------------
စီးရီးအေကလပ် အင်တာမီလန်အသင်းဟာ ဂိုးသမားအပြောင်းအရွှေ့နဲ့ ငွေကြေးပိုင်း အမြတ်ထွက်ခဲ့ပါတယ်။ အင်တာမီလန်အသင်းဟာ အိုနာနာ ကို မန်ယူအသင်းဆီ ယူရို(၅၁)သန်းနဲ့ရောင်းချခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ အသက်(၃၄)နှစ်အရွယ် ဝါရင့်ဂိုးသမား ဆွန်းမား ကို ယူရို(၆)သန်းနဲ့ ပြန်လည်ခေါ်ပါတော့မယ်။
ဒီတော့ ယူရို(၄၅)သန်းအထိ အမြတ်ထွက်ခဲ့ပါတယ်။ ငွေကြေးပိုင်းမြတ်ခဲ့ပေမယ့် ကစားသမားပိုင်းမှာတော့ အကောင်းဆုံးပုံစံရနေတဲ့ ကစားသမားတစ်ဦးရဲ့နေရာမှာ အကျဘက်ကိုရောက်လာသူနဲ့ အစားထိုးသလိုတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိ ဆွန်းမား ရဲ့ အနေအထားက အများကြီးသုံးလို့ရသေးပြီး စီးရီးအေလိုလိဂ်မှာ ကောင်းကောင်း ကစားလို့ရတဲ့ အခြေအနေမျိုးမှာရှိနေပါတယ်။ လာမယ့် တနင်္လာနေ့မှာတော့ ဆွန်းမား ဟာ အင်တာမီလန်အသင်းနဲ့ စာချုပ်ချုပ်ဆိုပါလိမ့်မယ်။
ဘာလို့လဲဆိုတော့ စပါးနဲ့တွေ့တိုင်းရလဒ်ဆိုးလို့ပါပဲ။
Read Moreအစောပိုင်း အနေအထားတွေအရကတော့ ရာသီကုန်မှာ အန်ဆယ်လော့တီ က ဘရာဇီးလ်အသင်းဆီ သွားကိုသွားမှာပါ။
Read Moreမန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တဲ့ အထိ မန်ယူအသင်းဆီ အမ်မရာဘတ် က ပြောင်းရွှေ့ချင်ခဲ့တာပါ။
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read Moreဆေးစစ်မှုတွေကိုတော့ ဒီနေ့ (ဗုဒ္ဓဟူး)မှာပြုလုပ်သွားမှာဖြစ်ပါတယ်။
Read More