အာဆင်နယ် နဲ့ စပါး တို့ရဲ့မျှတခဲ့တဲ့ သရေလဒ်
------------------------------------------
အာဆင်နယ် ၂ - ၂ စပါး
ဒီပွဲမှာ ကံမကောင်းခဲ့တဲ့ သူကတော့ စပါးနောက်ခံလူ ရိုမဲရိုး ပါပဲ။ အာဆင်နယ် ရခဲ့တဲ့ ပွဲချိန်(၂၆)မိနစ်ပထမဂိုးက သူ့ရဲ့ (OG)ဖြစ်ခဲ့သလို အာဆင်နယ်ရခဲ့တဲ့ ပယ်နယ်တီကလည်း သူ့လက်နဲ့ ထိခဲ့တာပါ။ ဒီပယ်နယ်တီကို ဆာကာ က ပွဲချိန်(၅၄)မိနစ်မှာ အမှားအယွင်းမရှိ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ထောက်ပြစရာရှိတာကတော့ ရိုမဲရိုး လက်နဲ့မထိခင် စပါးကစားသမား ပြစ်ဒဏ်ကျူးလွန်ခံရမှုကို VAR က လျစ်လျူရှုခဲ့တာပါပဲ။
ပထမပိုင်းမှာ အာဆင်နယ်အခွင့်အရေးပိုရခဲ့ပါတယ်။ဒါပေမယ့် ဖြုန်းတီးခဲ့တယ်လို့ပဲ ပြောရမှာပါ။ စပါးရဲ့ကန်သွင်းချက်တွေကိုတော့ အာဆင်နယ်ဂိုးသမား ရာယာ လက်စွမ်းပြကာကွယ်ခဲ့ပြီး တော်တော်လေး ကောင်းခဲ့ပါတယ်။ စပါးရဲ့ ဆွန်ဟောင်မင် ၊ မက်ဒီဆင်အတွဲကလည်း အတွဲညီခဲ့သလို အာဆင်နယ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။ စပါးအတွက် ပထမချေပဂိုးကိုတော့ ပွဲချိန်(၄၂)မိနစ်မှာ မတ်ဒီဆင် ရဲ့ ဖန်တီးမှုကနေ ဆွန်ဟောင်မင် က ပြေးဝင်ပိတ်သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းအစမှာပဲ ဂျော်ဂျင်ဟို ၊ ဟာဗက်ဇ် တို့လူစားဝင်လာခဲဲ့ကြပေမယ့် ကစားပုံက ထင်သလောက် တက်မလာခဲ့ပါဘူး။ ဟာဗက်ဇ် ကတော့ ရုန်းကန်နေရတုန်းဖြစ်ပြီး အာတီတာ မှာ အဲ့အတွက် အခုထိ အဖြေမရှိသေးပါဘူး။ စပါးရခဲ့တဲ့ ဒုတိယဂိုးကတော့ အာဆင်နယ်ခံစစ်အမှားကနေဖြစ်ပြီး မတ်ဒီဆင် နဲ့ ဆွန်ဟောင်မင် အတွဲအဖက်ကနေပဲ ပွဲချိန်(၅၅)မိနစ်မှာ ဆွန်ဟောင်မင် က သွင်းယူခဲ့တာဖြစ်ပါတယ်။
ခြုံပြောရရင် အာဆင်နယ်ကစားပုံ ပုံမှန်အောက်ရောက်ခဲ့ပြီး စပါးကတော့ ကောင်းကောင်းကစားနိုင်ခဲ့တယ်လို့ မြင်ပါတယ်။ သရေကျခဲ့တာကြောင့် (၂)သင်းလုံး ရှုံးပွဲမရှိသေးတဲ့ အခြေအနေကိုဆက်ထိန်းနိုင်ခဲ့ကြပြီး ရမှတ်(၁၄)မှတ်စီ ရရှိထားကြပါတယ်။
နိုင်ပွဲတစ်ပွဲကို လွှင့်ပစ်ခဲ့ချန်ပီယံလိဂ်မှာ ကစားရလိုက် မကစားရလိုက်အနေအထားမှာ ချန်ပီယံလိဂ်မှာ ဘယ်လိုနိုင်အောင်ကစားရမလဲဆိုတာ မသိတော့ပုံပါပဲ။
Read Moreစပိန်အသင်းနဲ့အတူ အယ်လ်ဘာ ဟာ ယူရိုပြိုင်ပွဲ (၃)ကြိမ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ် ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။
Read Moreဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။
Read Moreမြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ အသင်းပြောင်းခဲ့ရတဲ့အခါ ဒီကစားသမားတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲ နဲ့ လက်ရှိအခြေအနေတွေက ဘယ်လိုတွေဖြစ်နေလဲဆိုတာကိုကြည့်လိုက်...
Read Moreပရီးမီးယားလိဂ် ပွဲစဥ်(၂)အပြီးမှာတော့ လီဗာပူးလ်က ရမှတ်(၄)မှတ် ၊ နယူးကာဆယ် က (၃)မှတ်ရရှိထားကြပါတယ်။
Read More