တိုနီကရူးစ် ကို စိတ်ဝင်စားနေတဲ့ မန်စီးတီး
------------------------------------------
ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှုအားနည်းပြီး ကွင်းလယ်ကစားပုံကျဆင်းနေတဲ့ မန်စီးတီးအသင်းဟာရီးယဲလ်ကွင်းလယ်လူ တိုနီကရူးစ် ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။
ဂန်ဒိုဂန် ကို အလွယ်တကူ လက်လွှတ်ခဲ့တဲ့အကျိုးဆက်ကို မန်စီးတီး ခံစားနေရတယ်လို့ ပြောရမှာပါ။ ဒီတော့ အသင်းရဲ့ကွင်းလယ်အတွက် တော်တော်လေးကို ကောင်းတဲ့ ကစားသမားတစ်ယောက်လောက် ထပ်လိုလာခဲ့ပါတယ်။
ဒီအချိန်မှာပဲ စျေးကွက်ထဲမှာ ဝါရင့်ကမ္ဘာ့အဆင့်ကွင်းလယ်လူတစ်ဦးရှိနေပြီး သူကတော့ရီးယဲလ်ကွင်းလယ်လူ တိုနီကရူးစ် ဖြစ်ပါတယ်။ တိုနီကရူးစ် လောက် ပွဲထိန်းကောင်းပြီး ကစားအား အတင်အချလုပ်နိုင်တဲ့ ကစားသမား ဘောလုံးလောကမှာ အများကြီးမရှိတာကြောင့်မန်စီးတီးအကွက်မြင်တယ်ပဲ ပြောပါလိမ့်မယ်။
လာမယ့်နွေမှာ ရီးယဲလ်နဲ့ စာချုပ်သက်တမ်းကုန်မယ့် တိုနီကရူးစ် ကို မန်စီးတီး က အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ဖို့ရှိနေပြီး လစာကတော့ တစ်ရာသီကို ပေါင်(၁၃)သန်းပေးသွားမှာ ဖြစ်ပါတယ်။
ချန်ပီယံဖြစ်လို့ နှုတ်ဆက်နေချိန်နဲ့ အောင်ပွဲခံနေချိန်တွေမှာလည်း ရူဘီအာလက်စ် ရဲ့ အသင်းသားတွေအပေါ်အပြုအမူတွေက လိုတာထက်ပိုခဲ့ပါတယ်။
Read More" အလှည့်အပြောင်းများစွာနဲ့ ပရီးမီးယားလိဂ် "
Read Moreကလော့ ရဲ့ နောက်ဆုံးရာသီက လိဂ်ဖလားနဲ့ပြီးသွားတာကပဲ ကျေနပ်စရာပါ။
Read Moreမန်ယူ ဒီပွဲနိုင်ပြီး တစ်ဖက်က အနိုင်အရှုံးပေါ်ရင်တော့ ယူရိုပါလိဂ်ဝင်ပါတယ်။
Read Moreဆုဖလား (၂)လုံးကို အချိန်တိုအတွင်းလက်လွှတ်လိုက်တယ်လို့ ပြောခံရပါလိမ့်မယ်။
Read More