ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ရီးယဲလ်

Published 10 months ago by Bawlonelive

ဒုတိယပိုင်း ပုံစံကောင်းကြောင့် ချန်ပီယံလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ရီးယဲလ်

--------------------------------- 

ဒေါ့မွန် ၀ - ၂ ရီးယဲလ် 

အချိန်တန်ရင် ချန်ပီယံလိဂ်မှာ ရီးယဲလ် က ရီးယဲလ်ပါပဲ။ ဘယ်အချိန်မှာ ဘယ်လိုကစားရမလဲကို ကောင်းကောင်းကြီးသိသလို ရီးယဲလ် ရဲ့ချန်ပီယံလိဂ်ကံကိုလည်း ဘယ်အသင်းမှ မမီပါဘူး။ အခုလည်း ဒေါ့မွန်ကောင်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒုတိယပါပဲ။ 

တိုနီကရူးစ် နဲ့ မာကိုရူးစ် တို့ရဲ့ ကိုယ်စီနောက်ဆုံးပွဲတွေမှာတော့ တိုနီကရူးစ် က အသာရသွားခဲ့ပါတယ်။ ပွဲချိန်အတွင်း တိုနီကရူးစ် ခြေစွမ်းကလည်းတကယ့်ကိုကောင်းခဲ့တာပါ။ ရီးယဲလ် ဒီပွဲကိုနိုင်ခဲ့တဲ့နေရာမှာ တိုနီကရူးစ် နဲ့ ကာမာဗင်ဂါ တို့ရဲ့ကွင်းလယ်ထိန်းကြောင်းပုံတွေက အဓိကကျခဲ့တယ်လို့ပြောရင်လွန်မယ်မထင်ပါဘူး။ 

ပထမပိုင်းကတော့ ဒေါ့မွန်ရဲ့ပွဲပါ။ ဘောလုံးပိုင်ဆိုင်မှုတော့ နိမ့်နေပေမယ့် အခွင့်အရေးတွေအများကြီးရပါတယ်။ ရီးယဲလ် ဂိုးဧရိယာထဲရခဲ့တဲ့ အခွင့်အရေး (၂)ကြိမ်မှာ (၁)ကြိမ်တိုင်ထိခဲ့ပြီး ဂိုးဧရိယာပြင်ပက အဝေးကန်ချက်တစ်ကြိမ်ကိုတော့ ကော်တိုအာ ကာကွယ်နိုင်ခဲ့ပါတယ်။ ရီးယဲလ်ကတော့ ဗီနီစီယက်စ် အားကိုးနဲ့ပဲ ဘယ်တောင်ပံကနေတိုးဖို့ကြိုးစားခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။ 

ဒုတိယပိုင်းမှာတော့ ရီးယဲလ်အသင်းဟာ ပထမပိုင်းနဲ့ပြောင်းပြန်ဖြစ်သွားပြီး ပုံစံကောင်းပြန်ရသွားခဲ့သလို ဂိုးပေါက်ကန်သွင်းမှုတွေလည်းရှိလာခဲ့ပါတယ်။ ရီးယဲလ်အတွက် အဖွင့်ဂိုးကိုတော့ ပွဲချိန်(၇၄)မိနစ်မှာ စရခဲ့တာဖြစ်ပြီး တိုနီကရူးစ် ရဲ့ထောင့်ကန်ဘော ဖြတ်တင်ပေးပို့မှုကနေ ကာဗာဟယ်လ် က ခေါင်းတိုက်သွင်းယူခဲ့တာပါ။ 

ချေပဂိုးရဖို့ ဒေါ့မွန်တိုက်စစ်ပိုင်းအပြောင်းအလဲတွေလုပ်ခဲ့ပေမယ့် ပြိုင်ဘက်က ရီးယဲလ်ဖြစ်နေလို့ ဘာမှပြန်မလုပ်နိုင်ခဲ့ပါဘူး။ ရီးယဲလ်အတွက် အနိုင်တည်​ငြိမ်သွားစေမယ့်ဂိုးကိုတော့ ပွဲချိန်(၈၃)မိနစ်မှာ ဗီနီစီယက်စ် က သွင်းယူပေးခဲ့ပြီး ဒီကစားသမားက တကယ့်ကို Big Game Player ပဲဖြစ်ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ရီးယဲလ်အသင်းဟာ ချန်ပီယံလိဂ်မှာ (၁၅)ကြိမ်မြောက် ဗိုလ်စွဲခြင်းကို​လည်း ပုံဖော်သွားနိုင်ခဲ့ပါတယ်။

ဒီဇာဘီ ကို စိတ်ဝင်စားနေတဲ့ ရီးယဲလ်

ရီးယဲလ်အသင်းက နည်းပြသစ်ရှာပုံတော်ဖွင့်နေတာပါ။

Read More
မန်စီးတီး - မန်ယူ ပွဲကြိုသုံးသပ်ချက်

မန်ယူအသင်းဘက်မှာ ကံတရားရှိတယ်ဆိုပေမယ့် ခြေစွမ်းမှာတော့ မန်စီးတီးက ပိုသာပါတယ်။

Read More
ရလဒ်တွေဆိုးနေတဲ့ စပါး

ပရီးမီးယားလိဂ်နောက်ဆုံး(၅)ပွဲမှာ စပါးအသင်းဟာ (၁)ပွဲသာ သရေရထားပြီး (၄)ပွဲထိ ရှုံးထားပါတယ်။

Read More
ဘုန်းမောက်နဲ့ ပွဲ လွဲချော်ဖို့များနေတဲ့ ရက်ရှ်ဖို့ဒ်

ရက်ရှ်ဖို့ဒ် ဟာ အဖျားရောဂါခံစားနေရလို့ မန်ယူအသင်းရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကို လွဲချော်ခဲ့ပါတယ်။

Read More
အိမ်ကွင်းမှာ ချယ်လ်ဆီးကို လုပ်ချင်တိုင်းလုပ်ခဲ့တဲ့ အာဆင်နယ်

ချယ်လ်ဆီးကတော့ မန်စီးတီးနဲ့ပွဲက ခြေစွမ်းနဲ့တခြားစီဖြစ်ခဲ့ပြီး တော်တော်လေးကို ကစားပုံ ညံ့ဖျင်းခဲ့ပါတယ်။

Read More