ဖရန့်ဖတ် ပြောင်းမယ့် ဗန်ဒီဘိခ်

Published 1 year ago by Bawlonelive

ဖရန့်ဖတ် ပြောင်းမယ့် ဗန်ဒီဘိခ်

--------------------------------- 

မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ် ဟာ အသင်းမှာ အခွင့်အရေးစောင့်နေရင်း အခွင့်အရေးမရတဲ့ အခါမှာ အခုဆို အသင်းပြောင်းပါတော့မယ်။ ဗန်ဒီဘိခ် ဟာ ဘွန်ဒစ်လီဂါကလပ် ဖရန့်ဖတ် ကို ပြောင်းမှာပါ။ 

ဖရန့်ဖတ်အသင်းကို အငှားနဲ့ပြောင်းဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိသွားခဲ့တာဖြစ်ပြီး အငှားစာချုပ်ကတော့ လာမယ့်ဇွန်လအထိ ဖြစ်ပါတယ်။ ဖရန့်ဖတ်အသင်း အနေနဲ့ ဗန်ဒီဘိခ်ကို အငှားစာချုပ်အပြီး ခေါ်ယူမယ်ဆိုရင်တော့ ယူရို (၁၅)သန်း သုံးမှာဖြစ်ပြီး ဒါကလည်း ခေါ်ကိုခေါ်ရမယ်ဆိုတဲ့ အခြေအနေမျိုးမဟုတ်ပါဘူး။ 

ရာသီဝက်ကာလအတွက် အငှားကြေးကိုတော့ ဖရန့်ဖတ်အသင်းက မန်ယူအသင်းကို ပေးချေသွားရမှာပဲ ဖြစ်ပါတယ်။ ဗန်ဒီဘိခ် တစ်ယောက် အခုလို အခွင့်အရေးထပ်ရလာချိန်မှာတော့ တစ်ခုခုပြန်လုပ်ပြဖို့ မျှော်လင့်ပါတယ်။

ဒဏ်ရာကနေ ပြန်လာပြီဖြစ်တဲ့ ဂျေးဆု

ဂျေးဆု မကြာခဏဒဏ်ရာရမနေဖို့ဖြစ်ပြီး မဟုတ်ရင် ကျဥ်းထဲကျပ်ထဲရောက်ချိန်မှာ အခက်အခဲအများကြီးဖြစ်လာနိုင်ပါတယ်။

Read More
မန်စီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ ဘာနာဒိုဆေးဗားလ်

မန်စီးတီးအသင်းနဲ့သက်တမ်းကတော့(၁)နှစ်ပဲ တိုးခဲ့တာဖြစ်ပေမယ့် (၂၀၂၆) ခုနှစ်ထိ အသင်းမှာ ဆက်ရှိနေတော့မှာ ဖြစ်တယ်။

Read More
အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ချယ်လ်ဆီးနဲ့ မန်စီးတီး

အချိန်တွေ ဘယ်လိုကုန်လို့ ကုန်သွားမှန်းမသိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ပါတယ်။

Read More
ဖာဖန်တောရက်စ် ကို စိတ်ဝင်စားနေတဲ့ နယူးကာဆယ်

မန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။

Read More
လိဂ်ဖလားမရရင် စာတန်းထိုးမယ်

ချယ်လ်ဆီး က လီဗာပူးလ်ကို (၄-၁)နဲ့ ရှုံးခဲ့ပါတယ်။ လက်ရှိချယ်လ်ဆီး အနေအထားအရ ဒါကိုလက်ခံပေးနိုင်ပါတယ်။

Read More