ဟယ်ရီကိန်း ကို ယူရိုသန်း(၁၀၀)ကျော်နဲ့ ကမ်းလှမ်းလိုက်တဲ့ ဘိုင်ယန်မြူးနစ်
------------------------------------------
ဘိုင်ယန်မြူးနစ်အသင်းဟာ စပါးတိုက်စစ်မှုးဟယ်ရီကိန်း အတွက် အပိုဆုကြေးအပါ ယူရိုသန်း(၁၀၀)ကျော်နဲ့ကမ်းလှမ်းမှုလုပ်လိုက်ပါတယ်။ရောင်းမလား ၊ မရောင်းဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း (၂၄)နာရီအတွင်း စပါးဘက်က ဆုံးဖြတ်ပေးဖို့ ဘိုင်ယန်မြူးနစ်က မျှော်လင့်နေပါတယ်။
ဒီတော့ လီဗိုင်း ဘယ်လိုဆုံးဖြတ်မလဲဆိုတာက အရေးကြီးသွားပါပြီ။ ဟယ်ရီကိန်းဆီက ရနိုင်သမျှအားလုံးယူပြီးပြီဆိုတော့ လက်ရှိကမ်းလှမ်းမှုဟာ လက်ခံသင့်တဲ့ အခြေအနေတစ်ခုပါ။
ဒီလိုအခြေအနေမျိုးမှာ ဟယ်ရီကိန်း ကအသင်းကိုဖိအားပေးရမယ်။ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုရမယ်။ ဒါမျိုးတွေလုပ်ရမှာဖြစ်ပေမယ့် သူကိုယ်တိုင် ကလည်း ဘာသံမှမထွက်ပဲအေးတိအေးစက်ပါပဲ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဒီတစ်ကြိမ်ကမ်းလှမ်းမှုဟာ နောက်ဆုံးအကြိမ်ဖြစ်လာနိုင်လို့ ဒီတစ်ခါမှအဆင်မပြေရင်တော့ ဟယ်ရီကိန်း ကို အသင်းကြီးတစ်သင်းမှာ မြင်တွေ့ရဖို့ဆိုတာ တော်တော်ခက်ခဲသွားပါလိမ့်မယ်။
ရာသီကုန်ထိသာ အာမခံချက်ရထားလို့ တန်ဟက် အတွက်လည်း လက်ကျန်ပွဲတိုင်းက အရေးကြီးပါတယ်။
Read Moreလက်ရှိ ကိုပါအမေရိကမှာတော့ ဘရာဇီးလ် ကို လူသိပ်ပြီးအထင်မကြီးပါဘူး။
Read More" 3 In 1 လွှမ်းမိုးသော နေ့ရက်များ "
Read Moreဒါဆို စံချိန်မှတ်တမ်းတွေကအလိုအလျောက်ဖြစ်လာပါလိမ့်မယ်။
Read Moreမန်စီးတီးမှာလည်း ပုံမှန်လောက်ပဲ သွားခဲ့သလို အခု ဘာစီလိုနာမှာလည်း ပုံမှန်လောက်ပါပဲ။
Read More