မန်စီးတီး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်
-----------------------------------------------------
မန်စီးတီး - လီဗာပူးလ်
စနေည (၇:၀၀)နာရီ
မန်စီးတီးက လက်ရှိမှာတကယ်ကိုကောင်းနေတာပါ။ နိုင်ပွဲတစ်ပွဲဆိုတာလည်း ဘာမှမခက်ပါဘူး။ ချယ်လ်ဆီးနဲ့ပွဲမှာတော့ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကစားတဲ့အသင်း ၊ ကြံခိုင်မှု အားပြုမြန်နှုန်းမြင့်ကစားတဲ့ အသင်းတွေနဲ့ဆို သူတို့ရုန်းကန်ရတာကိုတွေ့ခဲ့ရပါတယ်။ အသင်းမှာ ဒဏ်ရာတွေများနေပြီး ကိုဗာချစ် နားရမှာ ၊ အီဒါဆန် ဒဏ်ရာရှိနေတာ ဟာလန်း ဒဏ်ရာကနေ ပြန်လာပြီး ဒီပွဲကို ကစားမှာတွေက အသင်းမှာ အင်ပြည့်အားပြည့်မရှိဘူးဆိုတာကို ပေါ်လွင်စေပါတယ်။ ဒဏ်ရာတွေတဖြည်းဖြည်း များလာတာကြောင့် မန်စီးတီး နည်းနည်းလေးတော့ အားလျော့နေပါတယ်။
လီဗာပူးလ်ကတော့ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲတွေနိုင်နေပြီး ကောင်းနေတယ်ဆိုပေမယ့် တစ်ဖက်မှာလည်း မထင်မှတ်ထားပဲ ရမှတ်တွေဆုံးရှုံးသွားတတ်ကြပါတယ်။ ဒီတော့ သိပ်ပြီးယုံစားလို့တော့ မရပါဘူး။ ဒါပေမယ့် လီဗာပူးလ်ကစားဟန်က မန်စီးတီးကိုဆို အမြဲ ဒုက္ခပေးနိုင်ပြီး ဆာလာ ၊ ဂျိုတာ ၊ ဒီယက်ဇ် တို့ တောင်ပံတိုက်စစ်တွေကလည်း မန်စီးတီးကိုဖိအားတွေ ပေးနိုင်ပါလိမ့်မယ်။ လီဗာပူးလ်မှာ အားမရတာက နေရာတကာ ဆာလာ ကပဲ ဦးဆောင်ဖြေရှင်းပေးနေရတာဖြစ်ပြီး ဆာလာ ပျောက်တဲ့ပွဲဆို တခြားကစားသမားတွေက ဘာမှသိပ်မလုပ်တတ်ကြတော့တဲ့ အနေအထားကိုပဲ ဖြစ်ပါတယ်။
ဒီပွဲက ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။ အိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။ အနိုင်ရလဒ်မှာတော့ အိမ်ကွင်းခြေစွမ်းကောင်းတဲ့ မန်စီးတီးကိုသာ အနိုင်ပေးချင်ပြီး (၂-၁)ဆိုတဲ့ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။
(၂၀၂၇)ခုနှစ်ထိ စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပြီး လစာငွေလည်း တိုးမြှင့်ရရှိသွားမှာပါ။
Read Moreပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာပါ။
Read Moreစာချုပ်သက်တမ်းကတော့ (၂၀၂၇)ခုနှစ်အထိပါ။
Read Moreဘယ်လင်ဂမ် လို ကစားသမားမျိုးကို ပိုင်ဆိုင်ထားလို့သာ ရီးယဲလ် က ဘာစီလိုနာကို နိုင်ခဲ့တာဖြစ်ပါတယ်။
Read Moreလက်ရှိမှာတော့ ဒီဆာဆီ ဟာ ချယ်လ်ဆီးအသင်းရဲ့ မှန်ကန်တဲ့ရွေးချယ်မှုတစ်ခုဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်သွားရမှာပါ။
Read More