အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဒီဂတ်

Published 1 year ago by Bawlonelive

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဒီဂတ်

----------------------------- 

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ် ဟာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ဒီရာသီမှာ အိုဒီဂတ် ကို အရင်ကထက်အရာအားလုံးပိုကောင်းလာတယ်လို့မြင်ပြီး ပြောရရင် ကစားသမားဘဝ အဆင့်အတန်း တစ်ခု ထပ်မြင့်တက်လာတဲ့ သဘောပါပဲ။ 

အခုဆို အာဆင်နယ်နဲ့ ကာလရှည်စာချုပ် ချုပ်လိုက်တာဖြစ်ပြီး (၅)နှစ်စာချုပ်ဖြစ်ပါတယ်။ စာချုပ်သစ်အရ အိုဒီဂတ် ဟာ အာဆင်နယ် မှာ (၂၀၂၈)ခုနှစ်ထိ ဆက်ရှိပါလိမ့်မယ်။ 

" အကြောင်းအရာမျိုးစုံကြောင့် စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ချက်ဟာ လွယ်ကူခဲ့တယ် " လို့ အိုဒီဂတ် က ပြောခဲ့ပါတယ်။ 

နည်းပြအာတီတာ ကလည်း " အိုဒီဂတ် ကိုကာလရှည် စာချုပ်ချုပ်နိုင်တာဟာ အာဆင်နယ်နဲ့ သက်ဆိုင်သူတိုင်းအတွက် သတင်းကောင်းပါ။ သူက ကျွန်တော်တို့ရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး ကလပ်မှာ ကြီးမားတဲ့လေးစားမှုရှိသူပါ။ အသင်းရဲ့ စံပြ ဖြစ်ပြီးပရော်ဖက်ရှင်နယ် ပီသသူပါ။ သူလုပ်သမျှတိုင်းမှာလည်း အရည်အချင်းနဲ့ ရင့်ကျက်မှုတွေပါပါတယ် " ဆိုပြီး ပြောကြားခဲ့ပါတယ်။ 

နည်းပြအာတီတာ ပြောခဲ့သလို ဒီသတင်းက အာဆင်နယ်အားပေးသူတွေအတွက်တော့ သတင်းကောင်းဖြစ်ခဲ့ပါတယ်။

အငြင်းပွားစရာ အခြေအနေတွေရှိခဲ့တဲ့ ရီးယဲလ် - ဘိုင်ယန်မြူးနစ်

ရီးယဲလ် က ဒီပွဲမှာ အနိုင်ရဖို့အတွက် ကံကောင်းခဲ့ပါတယ်။

Read More
မန်စီးတီး - လီဗာပူးလ် ပွဲကြိုသုံးသပ်ချက်

အိမ်ကွင်းကောင်းတဲ့ မန်စီးတီးကို လီဗာပူးလ် ကျော်ဖြတ်နိုင်မလားဆိုတာကသာ အဖြေတစ်ခုဖြစ်ပါတယ်။

Read More
အာဖရိကဖလားကစားမယ့် အိုနာနာ

မန်ယူအသင်းဟာ အိုနာနာ ကို ကင်မရွန်းအသင်းဆီ စေလွှတ်ရမှာဖြစ်ပါတယ်။

Read More
ဘိုင်ယန်မြူးနစ် - မန်ယူ ပွဲကြိုသုံးသပ်ချက်

ဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။

Read More
အာဆင်နယ် - မန်ယူ ပွဲကြိုသုံးသပ်ချက်

လက်ရှိ ဒီ (၂)သင်းရဲ့ ခြေစွမ်းမှာတော့ အာဆင်နယ်က မန်ယူထက် အနည်းငယ်ပိုသာပါတယ်။

Read More