အာဆင်နယ် - မန်ယူ ပွဲကြိုသုံးသပ်ချက်
အာဆင်နယ် - မန်ယူ
Super Sunday ည (၁၀:၀၀)
ပရီးမီးယားလိဂ် ပွဲစဥ်(၄)ရဲ့ ပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ပွဲစဥ်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ပွဲစဥ်(၃)အထိ ကစားပြီးသွားချိန်မှာတော့ အာဆင်နယ် က (၇)မှတ် ၊ မန်ယူ က (၆)မှတ်ရရှိထားကြပါတယ်။
လက်ရှိ ဒီ (၂)သင်းရဲ့ ခြေစွမ်းမှာတော့ အာဆင်နယ်က မန်ယူထက် အနည်းငယ်ပိုသာပါတယ်။ ပိုသာတယ်ဆိုပေမယ့် အာဆင်နယ်မှာလည်း သူ့အခက်အခဲနဲ့သူ ဖြစ်ပြီး ကိုင်ဟာဗက်ဇ် ရုန်းကန်နေရတာနဲ့ နည်းပြအာတီတာ ရဲ့ နားလည်ရခက်တဲ့ နည်းစနစ်တွေက အာဆင်နယ်ကို မနှစ်ကလို ပြန်ဖြစ်စေဖို့ ခက်နေတယ်လို့ မြင်ပါတယ်။ ဟာဗက်ဇ် ရဲ့ ရုန်းကန်နေရတဲ့ အခြေအနေမှာလည်း အာတီတာ ဖိအားရှိနေပြီး ဒီအပိုင်းကိုလည်း သူအဖြေထုတ်ပေးသွားဖို့လိုပါတယ်။ အာဆင်နယ် ကောင်းနေတာပဲ ဆိုပေမယ့် တစ်ချက်တစ်ချက် ပေါ့ဆဆဖြစ်သွားတတ်တာကိုလည်း ပြင်ဆင်ရပါလိမ့်မယ်။
ဒဏ်ရာတွေနဲ့ မန်ယူကတော့လိုအပ်ချက်တွေများနေတုန်းပါ။ ပြီးခဲ့တဲ့ ပွဲတွေက ခြေစွမ်းအရ ဒီလိုပွဲကြီးမျိုးအတွက် အဆင်သင့်ဖြစ်နေပြီလားဆိုတာမှာတောင် သံသယရှိဖို့ကောင်းနေပါတယ်။ တိုက်စစ်မှုး ဟွိုင်းလွန် ဒီပွဲမှာပါလာနိုင်တယ်ဆိုတာက အားတက်စရာဖြစ်ပြီး ခံစစ်ပိုင်းအားနည်းနေတာကတော့ အာဆင်နယ် အကြိုက်ဖြစ်လို့နေပါတယ်။ အဓိက ကတော့ ကွင်းလယ်ခြင်းယှဥ်မယ့် ပွဲမျိုးသာဖြစ်ပြီး မန်ယူကွင်းလယ်က အာဆင်နယ် ကွင်းလယ်ကိုကောင်းကောင်းကြီးယှဥ်ပြီး အသာစီးပါယူနိုင်ပေမယ့် အာဆင်နယ်ကွင်းဖြစ်နေတယ်ဆိုတဲ့ အချက်က သူ့တို့အတွက် ခက်ခဲစေပါလိမ့်မယ်။
အပြန်အလှန်တိုက်စစ်ဆင် ကစားပုံတွေကို မြင်ရမယ်လို့ ထင်ပါတယ်။ ရက်ရှ်ဖို့ဒ် ရဲ့ လျင်မြန်မှုတွေက အာဆင်နယ်ခံစစ်ကို ဖိအားပေးတာမျိုးတွေကိုလည်း မြင်ရနိုင်ပါတယ်။
(၂) သင်းလုံး သရေတစ်မှတ်စီတော့ အနည်းဆုံးရဖို့လိုတဲ့ ပွဲမျိုးဖြစ်ပါတယ်။ အာဆင်နယ် ထက် မန်ယူက ပိုလိုအပ်တယ်လို့ပြောရမှာပါ။ နောက်ပိုင်းနှစ်တွေမှာ အာဆင်နယ်ကွင်း မှာ မန်ယူ အနိုင်ရဖို့ခက်သလို လက်ရှိ ခြေစွမ်းအရ အာဆင်နယ် က ပိုသာသလိုဖြစ်နေတာကြောင့် အာဆင်နယ် ကို ပိုအကြိုက်တွေ့မိပါတယ်။ အာဆင်နယ် (၂ - ၁ )မန်ယူ ရလဒ်မျိုးဖြစ်နိုင်ပါတယ်။
စပိန်ကလပ်အသင်း (၄)သင်း (၁၆)သင်းရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။
Read Moreစပိန်အသင်းနဲ့အတူ အယ်လ်ဘာ ဟာ ယူရိုပြိုင်ပွဲ (၃)ကြိမ် ၊ ကမ္ဘာ့ဖလားပြိုင်ပွဲ (၃)ကြိမ် ဝင်ရောက်ယှဥ်ပြိုင်ကစားခဲ့သူလည်းဖြစ်ပါတယ်။
Read Moreချယ်လ်ဆီးအသင်းနဲ့ ကိုင်စီဒို က (၈)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး (၁)နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။
Read More" စတန်းဖို့ဒ်ဘရစ်ချ် က အော်မြည်ကြေကွဲသံ "
Read Moreအခုနောက်ပိုင်းထွက်ပေါ်လာတဲ့ လူငယ်ကစားသမားတွေရဲ့ Idol က စီရော်နယ်လ်ဒို ဖြစ်နေတာမှာသူ့ရဲ့ ပုံရိပ်နဲ့ လွှမ်းမိုးမှု ဘယ်လောက်ထိ အားကောင်းလဲဆိုတာ ထင်သာမြင်...
Read More