အငြင်းပွားစရာ အခြေအနေတွေရှိခဲ့တဲ့ ရီးယဲလ် - ဘိုင်ယန်မြူးနစ်
--------------------------------
ရီးယဲလ် ၂-၁ ဘိုင်ယန်မြူးနစ်
(နှစ်ကျော့ပေါင်း ၄-၃ နဲ့ ရီးယဲလ် ဗိုလ်လုပွဲတက်)
ဒီပွဲမှာ နှစ်သင်းလုံးကစားတာကောင်းပါတယ်။ ဘောလုံးမှာပိုကောင်းတဲ့အသင်းက အနိုင်ရတယ်ဆိုပေမယ့် ဒီလိုအနိုင်ရဖို့အတွက် ကံကြမ္မာကောင်းတွေရဖို့လည်း လိုပါသေးတယ်။ ရီးယဲလ် က ဒီပွဲမှာ အနိုင်ရဖို့အတွက် ကံကောင်းခဲ့ပါတယ်။
ဒီပွဲမှာ ဘိုင်ယန်မြူးနစ်ရဲ့ ကစားသွားတဲ့ပုံကို သဘောကျပါတယ်။ ရီးယဲလ် ဘယ်လောက်ပဲဖိအားပေးပေး ဘောလုံးရတာနဲ့ ကစားကွက်ကို လှလှလေးပြန်ဆင်သွားခဲ့တာပါ။ ဒီလိုလုပ်ဖို့မှာ တစ်သင်းလုံးရဲ့တည်ငြိမ်မှုက အရေးပါသလို မူဆီယယ်လာ ကြောင့်လည်း ဒီလိုကစားနိုင်ခဲ့တာဖြစ်ပါတယ်။ ရီးယဲလ်မှာတော့ ဗီနီစီယက်စ် က အဓိကဖြစ်ခဲ့ပြီး တစ်ချိန်လုံး ကြိုးစားအားထုတ်မှုအပြည့်နဲ့ ကစားသွားခဲ့ပါတယ်။
ဦးဆောင်ဂိုးကိုတော့ ဘိုင်ယန်မြူးနစ်က စရခဲ့တာဖြစ်ပြီး ဟယ်ရီကိန်း ရဲ့တိကျတဲ့ပေးပို့မှုမှာ အယ်လ်ဖွန်ဆိုဒေးဗစ် က ရီးယဲလ် ဂိုးဧရိယာထဲဆွဲဝင်ပြီး ညာခြေနဲ့ လှလှပပ ပွဲချိန်(၆၈)မိနစ်မှာ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ် ရဲ့ ဦးဆောင်မှုကိုခံလိုက်ရပေမယ့် ရီးယဲလ်က ပြန်လုပ်နိုင်တာ ဘာမှမရှိခဲ့တာကြောင့် ဒီလိုနဲ့ပဲ ပွဲပြီးတော့မယ် ထင်နေချိန်မှာ (၂)ဖက်အသင်းရဲ့ လူစားလဲမှုတွေက ပွဲရဲ့အလှည့်အပြောင်းတွေဖြစ်ခဲ့ပါတယ်။
တူဟယ်လ် က မူဆီယယ်လာ နဲ့ ဟယ်ရီကိန်း တို့ကို လူစားလဲခဲ့သလို ဂိုးရဖို့လိုနေတဲ့ ရီးယဲလ်ကတော့ ဟိုဆေးလူ ၊ ဒီယက်ဇ် တို့ကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲချိန်(၈၈)မိနစ်မှာတော့ ရီးယဲလ်ချေပဂိုးရခဲ့ပြီး ဗီနီစီယက်စ် ရဲ့ကန်ချက် နူအာ ဖမ်းတာညံ့ခဲ့လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဟိုဆေးလူ က ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ ချေပဂိုးရရပြီးခြင်းမှာပဲ ရီးယဲလ်ကသာဆက်တိုက်ဖိအားပေးခဲ့သလို ပွဲချိန်(၉၁)မိနစ်မှာတော့ ရူဒီဂါ ဖြတ်ထည့်ပေးလိုက်တဲ့ ဘောလုံးကို ဟိုဆေးလူ က ပဲပိတ်သွင်းကာ အနိုင်ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ဒီဂိုးကတော့ အငြင်းပွားစရာအခြေအနေဖြစ်ပြီး ဟိုဆေးလူ လူကျွံအနေအထားမှာရှိခဲ့ပေမယ့် သွင်းဂိုးကို ခွင့်ပြုပေးခဲ့တာပါ။ နောက်ပိုင်းမိနစ်တွေမှာတော့ ပွဲကပိုဆူသွားခဲ့ပြီး ဒိုင်ရဲ့ဆုံးဖြတ်ချက် မပီသတဲ့ အငြင်းပွားစရာတွေကိုဆက်တွေ့ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ လူစားဝင်လာပြီး (၂)ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှုး ဟိုဆေးလူ ကတော့ ဒီပွဲရဲ့ မင်းသားဖြစ်ခဲ့ပါတယ်။
မန်ယူအသင်းက အကျပိုင်းရောက်နေချိန်မှာတောင် ချယ်လ်ဆီး ၊ ဗီလာ တို့ကိုနိုင်ထားလို့ လျှော့တွက်လို့တော့မရပါဘူး။
Read Moreချန်ပီယံဖြစ်လို့ နှုတ်ဆက်နေချိန်နဲ့ အောင်ပွဲခံနေချိန်တွေမှာလည်း ရူဘီအာလက်စ် ရဲ့ အသင်းသားတွေအပေါ်အပြုအမူတွေက လိုတာထက်ပိုခဲ့ပါတယ်။
Read Moreစပါးအသင်း ရသွားတဲ့ အနီကတ် (၂)ကတ်က ဒီပွဲရဲ့အဖြေပါပဲ။
Read Moreဟာဇက် ဟာအသက်(၃၂)နှစ်အရွယ်မှာပဲ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
Read More" အဲရစ်တန်ဟက် ကမ္ဘာထဲက ကြေကွဲသံစဥ် "
Read More