အာဖရိကဖလားကစားမယ့် အိုနာနာ
----------------------------------------------------
မန်ယူအသင်းရဲ့ ဂိုးသမား အိုနာနာ ဟာ ဇန်နဝါရီလမှာ ကစားမယ့် အာဖရိကဖလားပြိုင်ပွဲကို သွားရောက်ကစားမှာဖြစ်ပါတယ်။ ဒါကြောင့် မန်ယူအသင်းဟာ အိုနာနာ ကို ကင်မရွန်းအသင်းဆီ စေလွှတ်ရမှာဖြစ်ပါတယ်။
ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်ပွဲတွေက အရှိန်အဟုန်နဲ့ ရှေ့ဆက်နေကြလို့ နိုင်ငံအသင်းဆီ စေလွှတ်ရတာ ကလပ်အသင်းတွေအတွက်အဆင်ပြေတဲ့ အရာတော့မဟုတ်ပါဘူး။ နောက်တစ်ခုက ပရီးမီးယားလိဂ်မှာကစားတဲ့ အာဖရိက ကစားသမားတွေဟာ သူတို့ရဲ့ အသင်းမှာ အဓိကကစားသမားတွေဖြစ်နေတတ်တာပါပဲ။
အာဖရိကဖလားပြိုင်ပွဲကို သွားကစားမှာဖြစ်လို့ အိုနာနာ ဟာ မန်ယူအသင်းရဲ့ပွဲစဥ် (၇)ပွဲလောက်ကို လွှဲချော်မှာဖြစ်ပါတယ်။ ဒီကာလမှာ မန်ယူအသင်းဟာ ဂိုးသမားဒီဂီယာ ကိုပြန်ခေါ်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။
ခြေစွမ်းမကောင်းတောင် ပွဲကို အနိုင်ကစားနိုင်တဲ့ ချန်ပီယံအသင်းတွေမှာသာရှိတဲ့ အရာမျိုး မန်စီးတီးမှာရှိနေလို့ ဒီအချက်ကလည်း အားရစရာပါ။
Read Moreပြောင်းရွှေ့ကြေး ယူရို (၂၃)သန်း ၊ အပိုဆုကြေးယူရို(၃)သန်းဆိုတော့ မဆိုးဘူးလို့ပြောလို့ရပါတယ်။
Read Moreပုံမှန်အတိုင်းသာဆို အိမ်ရှင်က စီးပြီးကစားရမှာဖြစ်ပေမယ့် ပထမအကျော့ရလဒ်ကို ထိန်းချင်စိတ်ကသာများနေခဲ့ပါတယ်။
Read Moreဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။
Read Moreကျောနံပါတ်(၉)ကို ဝတ်ဆင်သွားမယ့် အီကာဒီ ဟာ ဂါလာတာစာရေးအသင်းမှာ တစ်နှစ်လုပ်ခ ယူရို(၆)သန်းရရှိသွားမှာ ဖြစ်ပါတယ်။
Read More