ဘိုင်ယန်မြူးနစ် - မန်ယူ
ကြာသပတေးမနက် (၁:၃၀)နာရီ
ဘယ်အသင်းက လက်ရှိမှာ ပိုကောင်းလဲဆိုတာ ရှင်းရှင်းလင်းလင်းရှိနေတဲ့ ပွဲမျိုးပါ။ ဘိုင်ယန်မြူးနစ် အိမ်ကွင်းလည်း ဖြစ်နေတော့ ဘိုင်ယန်မြူးနစ် အနိုင်သေချာတဲ့ ပွဲလို့တောင် ပြောလို့ရပါတယ်။
အိမ်ရှင် ဘိုင်ယန်မြူးနစ်မှာအထွေအထူး ဘာမှပြောစရာမရှိပါဘူး။ ရှိနေတဲ့ ဒဏ်ရာအခြေအနေကလည်း ပုံမှန်အနေအထားမျိုးပါ။ ခြေစွမ်းပိုင်း သိပ်အကောင်းကြီးတော့ မဟုတ်ပေမယ့် ဒီပွဲအတွက်တော့ လုံလောက်မှုရှိပါတယ်။ ဆာနေး ၊ နာဘရီ ၊ မူလာ ၊ ဟယ်ရီကိန်း တို့ လုပ်ရင်လုပ်သလောက် ဖြစ်နိုင်တဲ့ ပွဲမျိုးလည်း ဖြစ်ပါတယ်။
ဖိအားတွေများနေတဲ့ မန်ယူ ဘာလုပ်ပြနိုင်မလဲဆိုတာကို ဒီပွဲမှာစောင့်ကြည့်သွားရမှာပါ။စပါး ၊ အာဆင်နယ် ၊ ဘရိုက်တန် တို့ကို ရှုံးထားတော့လည်း ဘိုင်ယန်မြူးနစ်က မန်ယူအတွက် မျှော်လင့်ချက်မရှိသလို ဖြစ်နေပါတယ်။ ဒဏ်ရာနဲ့ တခြားပြသနာတွေ ၊ မန်ယူအသင်းကိုဖြစ်ချင်တဲ့ ကစားကွက်ပုံစံ ဒီရာသီမှာ တန်ဟက် ပြောင်းလဲဖို့ ကြိုးစားနေတာတွေက အခုလို ရုန်းကန်နေရတာရဲ့ အဓိက အကြောင်းရင်းတွေလိုမြင်ပါတယ်။ ဘိုင်ယန်မြူးနစ်ကွင်းမှာ ရလဒ်ကောင်းလေ့မရှိတာကလည်း မန်ယူအသင်းရဲ့ အချက်အလက်ဆိုးတစ်ခုပါပဲ။ ဒီပွဲမှာတော့ မန်ယူအသင်း သရေတစ်မှတ်တော့ မျှော်လင့်ခွင့်ရှိနေပါတယ်။
ဘိုင်ယန်မြူးနစ်က ပိုသာပေမယ့် မန်ယူက ပုံမှန်ထက်ပိုကြိုးစားလာမှာဖြစ်လို့ ဘိုင်ယန်မြူးနစ် လွယ်လွယ်နဲ့နိုင်ဖို့တော့မရှိပါဘူး။ ခက်ခက်ခဲခဲကစားပြီးမှ နိုင်မယ်လို့ မြင်ပါတယ်။ ဂိုးရလဒ်အနေနဲ့တော့ ဘိုင်ယန်မြူးနစ် (၂-၁)မန်ယူ လို့ ခန့်မှန်းချင်ပါတယ်။
ယူရိုနဲ့ပတ်သက်ရင် လိုအပ်ချက်ကြီးနေတုန်းလို့သာ ပြောရမှာပါ။
Read Moreနည်းပြတန်ဟက် ကိုတောင်းပန်လိုက်ရင် အဆင်ပြေမယ့်အရာကို မတောင်းပန်တော့အခြေအနေတွေက ပိုရှုပ်ထွေးကုန်ခဲ့တာပါ။
Read Moreအာဂျင်တီးနား က အိမ်ကွင်းမှာ ဥရုဂွေးကို (၀-၂)နဲ့ ရှုံးတာဖြစ်ပြီး ဘရာဇီးလ် က ကိုလံဘီယာ ကို (၂-၁)နဲ့ ရှုံးခဲ့တာပါ။
Read Moreရီးယဲလ်အသင်းက နည်းပြသစ်ရှာပုံတော်ဖွင့်နေတာပါ။
Read Moreလူပြန်စုံလာတဲ့အချိန်မှာ ဆက်တိုက်ဆိုသလို ရလဒ်တွေကောင်းနေတာက တိုက်ဆိုင်မှုတော့မဟုတ်ပါဘူး။
Read More