အပြန်အလှန်သွင်းဂိုးတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ် နဲ့ မန်ယူ
-----------------------------
ဘိုင်ယန်မြူးနစ် ၄ - ၃ မန်ယူ
နိုင်ပွဲနဲ့ ထိုက်တန်တဲ့အသင်းက နိုင်ခဲ့တာပါ။ အကောင်းဆုံး ကြိုးစားခဲ့တဲ့ မန်ယူအသင်းဟာလည်း ပြန်လာဖို့အတွက် အပေါင်းလက္ခဏာဆန်တာတွေရှိခဲ့ပါတယ်။ ဒီပွဲမှာ အပြစ်တင်ချင်တယ်ဆိုရင်တော့ ရည်ရွယ်ချက်မရှိပဲ ဘောလုံးကို လက်နဲ့ထိခဲ့တဲ့ အနေအထားမှာ ပယ်နယ်တီပေးခဲ့တဲ့ ကွင်းလယ်ဒိုင်ပဲ ဖြစ်ပါလိမ့်မယ်။
မန်ယူက အစကောင်းခဲ့ပါတယ်။ အိုနာနာ ကြောင့် ကစားကွက်စတင်မှု ၊ ပြန်တွဲလို့ရတဲ့ အနေအထားတွေနဲ့ သက်တောင့်သက်သာ ကစားနိုင်ခဲ့ပေမယ့် သူ့အမှားလုပ်ခဲ့လို့ပဲ ဖိအားစဝင်ခဲ့ရပါတယ်။ ပွဲချိန် (၂၈)မိနစ်မှာ ဆာနေး ရဲ့ကန်ချက် ဘိုင်ယန်မြူးနစ်ရဲ့ ပထမဂိုးက အိုနာနာ ရောင်းခဲ့တာပါ။ ဘိုင်ယန်မြူးနစ်အတွက် ဒုတိယဂိုးကိုတော့ ပွဲချိန်(၃၂)မိနစ်မှာ မန်ယူနောက်တန်းပေါ့ဆမှုကြောင့် ပယ်နယ်တီဧရိယာထဲမှာ လူကပ်ခံမထားရတဲ့ နာဘရီ က သွင်းယူခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်က ရိုးရာအတိုင်း တောင်ပံတွေပဲ အားပြုခဲ့ပြီး ဆာနေး ခြေပေါ်ခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲချိန်(၄၉)မိနစ်မှာတော့ မန်ယူအသင်းချေပဂိုးစရခဲ့ပြီး တိုက်စစ်မှုးသစ် ဟွိုင်းလွန် က သူ့ရဲ့ မန်ယူကစားသမားဘဝ ပထမဆုံးဂိုးအဖြစ် သွင်းယူခဲ့တာပါ။ ချက်ခြင်းဆိုသလိုပဲ အဲရစ်ဆင် လက်နဲ့ထိခဲ့လို့ ဘိုင်ယန်မြူးနစ် ပယ်နယ်တီရခဲ့ပြီး ဟယ်ရီကိန်း က ပွဲချိန်(၅၄)မိနစ်မှာ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ (၃-၁)ဖြစ်သွားချိန်မှာတော့ မန်ယူအသင်း စိတ်ဓာတ်ကျသလို ဖြစ်သွားပြီး ဘိုင်ယန်မြူးနစ်ကသာ ပွဲကိုစိုးမိုးထားလိုက်ပါတယ်။
ပွဲပြီးခါနီးမှာတော့ မာစီယဲလ် ၊ ဂါနာချို တို့ကိုထည့်ပြီး တန်ဟက် တိုက်စစ်အပြောင်းအလဲလုပ်ခဲ့သလို အဆင်လည်းပြေခဲ့ပါတယ်။ မာစီယဲလ် နဲ့ ဂါနာချိုကြောင့် ဘိုင်ယန်မြူးနစ်ခံစစ် အလုပ်ပိုများလာခဲ့ပြီး ပွဲချိန်(၈၈)မိနစ်မှာ ကက်စ်မဲရိုး က တစ်ကိုယ်တော်အစွမ်းနဲ့ ချေပဂိုး ထပ်သွင်းပေးခဲ့ပါတယ်။ ပွဲချိန်(၉၂)မိနစ်မှာတော့ ဘိုင်ယန်မြူးနစ် စတုတ္ထဂိုးရခဲ့ပြီး တဲလ် က ကန်သွင်းယူခဲ့တာဖြစ်သလို မန်ယူအသင်းအတွက် တတိယချေပဂိုးကိုတော့ ဖာနန်ဒက်စ် ရဲ့ ဖရီးကစ်ကနေ ကက်စ်မဲရိုး က ပွဲချိန်(၉၅)မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီအပြောင်းအရွှေ့ကာလတုန်းက ဖာနန်ဒက်စ် ကို ဆော်ဒီဘက်ကနေ ကြီးမားတဲ့ ကမ်းလှမ်း မှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါတယ်။
Read Moreဒါကတော့ နော်တင်ဟမ် နဲ့ အက်ဖ်အေဖလားပွဲပါပဲ။
Read Moreဒီပွဲရဲ့ ရလဒ်ပိုင်းကတော့ ခန့်မှန်းရခက်ပါတယ်။
Read Moreဒီပွဲမှာအင်တာမီလန် က နာပိုလီ ကိုခြေစွမ်းအသာနဲ့ ကစားသွားခဲ့တာပါ။
Read Moreစပါးအသင်း ချန်ပီယံဖြစ်မဖြစ်ကို ထပ်စမ်းသပ်ရမယ့်ပွဲ ဖြစ်ပါတယ်။
Read More