လီဗာပူးလ် - စပါး
Super Sunday ည (၁၀:၀၀)နာရီ
လီဗာပူးလ် က အနားနီးမှ အရာအားလုံးပြောင်းလဲသွားခဲ့တာပါပဲ။ ဘာမှမရတာထက်စာရင် ကလော့ ရဲ့ နောက်ဆုံးရာသီက လိဂ်ဖလားနဲ့ပြီးသွားတာကပဲ ကျေနပ်စရာပါ။ နောက်ပိုင်းပွဲတွေမှာ လီဗာပူးလ် က လုပ်ချင်ကိုင်ချင်စိတ်နည်းသွားလို့ ချန်ပီယံဆုနဲ့ ဝေးကွာသွားတယ်ပဲပြောရပါလိမ့်မယ်။ ဒီနေရာမှာ ကလော့ နဲ့ ဆာလာ အချင်းများတာကလည်း မဖြစ်သင့်တာပါ။ ကလော့ လမ်းခွဲခါနီးမှာ အခုထက်ကောင်းတာမျိုးတော့ဖြစ်သင့်ပါတယ်။ ပရီးမီးယားလိဂ် (၂)ပွဲဆက်နိုင်ပွဲပျောက်ထားသလို ချန်ပီယံဆုနဲ့လည်းဝေးကွာခဲ့ရပြီး ကလော့ နဲ့ ဆာလာ လည်း အချင်းများထားကြတာကြောင့် လက်ရှိမှာ လီဗာပူးလ်လုပ်ရမှာတစ်ခုပဲရှိပါတယ်။ ဒါကတော့ ဒီပွဲကိုအနိုင်ယူတာဖြစ်ပြီး အိမ်ကွင်းပွဲလည်းဖြစ်လို့ နိုင်ကိုနိုင်မှရပါလိမ့်မယ်။
စပါးကတော့ လန်ဒန်ဒါဘီ (၂)ပွဲဆက်ရှုံးပြီး အကျပိုင်းကိုရောက်နေတယ်ပဲပြောရမှာပါ။ ကိုယ့်ထက်မြင့်တဲ့အသင်းတွေနဲ့ကြုံလာရင် ရှုံးကိုရှုံးနေတာက စပါးအသင်းရဲ့အဆင့်ကိုပြသနေသလိုပါပဲ။ အရင်လို မာကျောမှုလည်းမရှိသလို ကစားသမားတွေကလည်းပုံမှန်အောက်ကိုရောက်နေကြပါတယ်။ ဆွန်ဟောင်မင် တစ်ယောက်တည်းကိုပဲ အားကိုးနေရင် ဒီအဆင့်ကနေတက်တော့မှာလည်းမဟုတ်ပါဘူး။ စပါးဘက်မှာ ဘာမှမျှော်လင့်စရာသိပ်မရှိပါဘူး။
ဒီပွဲအတွက် အနိုင်ရွေးချယ်မှုကတော့ လီဗာပူးလ်ပါပဲ။ လီဗာပူးလ်နိုင်မယ်။ (၃-၂)လို့ ခန့်မှန်းပါတယ်။
နေမာ ဆော်ဒီမှာ ပိုက်ဆံတွေ ဘယ်လောက်ရမလဲဆိုတာကို ခဏမေ့ထားလိုက်တာပိုကောင်းမယ်။
Read Moreဆန်ချို ကို စိတ်ဝင်စားတဲ့ အသင်းက နည်းပြ ဂျရတ် ရဲ့ အယ်လ်အီတီဖတ်အသင်းဖြစ်ပြီး အငှားနဲ့ ခေါ်ချင်တယ်ဆိုတာပါ။
Read Moreရုန်းကန်နေရချိန်မှာ ဒဏ်ရာပြသနာ ထိုးနှက်သွားတာက မေဆန်မောင့်အတွက် ကံဆိုးမှုတစ်ခုပါပဲ။
Read Moreဘာ Plan မှမရှိဘူးဆိုပြီး ဝေဖန်ခံခဲ့ရတဲ့ နည်းပြတန်ဟက် သူ့ရဲ့ Plan တွေကို အကြိမ်ကြိမ်ပြသခဲ့တဲ့ပွဲလို့လည်း ပြောလို့ရပါတယ်။
Read Moreချယ်လ်ဆီးအသင်းနဲ့ ကိုင်စီဒို က (၈)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး (၁)နှစ်သက်တမ်းတိုးခွင့်လည်းပါဝင်ပါတယ်။
Read More