နည်းပြလောကထဲ ဝင်လာဖို့ ကြာနိုင်သေးတဲ့ ကွန်တီ
--------------------------------
" ကျွန်တော် ဆော်ဒီက ကြီးမားတဲ့ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့တယ်။ No လို့သာ ဖြေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ (၃)နှစ်ကြာအပြီးမှာ ဂျူဗင်တပ်စ် ကနေ ထွက်ခဲ့တာကို နောင်တရခဲ့ပါတယ်။ တစ်နေ့မှာ ရိုးမား (သို့) နာပိုလီ မှာ အတွေအကြုံယူချင်ပေမယ့် ပြောင်းခဲ့ရင်တောင် ရာသီကုန်က ပိုအဆင်ပြေပါတယ်။ "
ဒီစကားကိုတော့ နာမည်ကျော်နည်းပြ ကွန်တီ ကပြောခဲ့တာပါ။ ဒီတော့ ကွန်တီ ဟာ ဆော်ဒီကို သွားမယ်ဆို သွားဖို့အတွက် နီးနီးစပ်စပ်ရှိခဲ့တဲ့ပုံပါပဲ။လက်ရှိမှာ ကွန်တီ ကို နာပိုလီ က နည်းပြသစ်အဖြစ် ခန့်အပ်ချင်နေပေမယ့် ကွန်တီကတော့ သူ့ရဲ့ပြောစကားအရ လက်ခံဦးမှာမဟုတ်သေးပါဘူး။
နာမည်ကျော်နည်းပြတွေက အသင်းတစ်သင်းကို အစကနေသာ တာဝန်ယူကြပြီး ကြားကာလမှာ တာဝန်ယူတာနည်းပါတယ်။ ကွန်တီ ကလည်း ဒီပုံစံအတိုင်းသွားပါလိမ့်မယ်။ လောလောဆယ်တော့ ကွန်တီ ကို နည်းပြလောကထဲမှာ မြင်ရဖို့ မရှိပါဘူး။နောက်နှစ်မှာတော့ အသင်းကြီးတစ်သင်းနဲ့ ကွန်တီ ကိုမြင်ရနိုင်ပါတယ်။
ကလော့ ရဲ့ နောက်ဆုံးရာသီက လိဂ်ဖလားနဲ့ပြီးသွားတာကပဲ ကျေနပ်စရာပါ။
Read Moreရီးယဲလ်ကတော့ တိုက်စစ်ပိုင်းကို ဗင်နီစီယက်စ် ၊ ရိုဒရီဂို ၊ ဟိုဆေးလူ တို့နဲ့သာ ရှေ့ဆက်ပါလိမ့်မယ်။
Read Moreပယ်လ်မာ ကို မခေါ်ခင်တည်းက စိတ်ဝင်စားနေခဲ့တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။
Read Moreပြောရရင်တော့ ဒီတွေ့ဆုံမှုက ဘာမှတော့မဆန်းပါဘူး။
Read Moreအာဂျင်တီးနား က အိမ်ကွင်းမှာ ဥရုဂွေးကို (၀-၂)နဲ့ ရှုံးတာဖြစ်ပြီး ဘရာဇီးလ် က ကိုလံဘီယာ ကို (၂-၁)နဲ့ ရှုံးခဲ့တာပါ။
Read More