ပရီးမီးယားလိဂ်(၄)နှစ်ဆက်ချန်ပီယံ မန်စီးတီး
----------------------------
ဒီနေ့ညကတော့ မန်စီးတီးနဲ့ အာဆင်နယ် (၂)ပွဲလုံးကို တစ်လှည့်စီပြောင်းပြီးကြည့်ခဲ့ရတာပါပဲ။ ပွဲအစ (၂)မိနစ်မှာတင် ဖိုဒန် ရဲ့ အလန်းစားဂိုး ကစောစောစီးစီးပွဲပြီးပြီလို့ မပြောရုံတမယ်ဖြစ်ခဲ့တာပါ။ ကိုယ်တွေက ပိုပြီး ကြည့်ကောင်းတဲ့မြိုင်မြိုင်ဆိုင်ဆိုင်ကို မျှော်လင့်ထားတော့ တစ်မျိုးကြီးဖြစ်သွားခဲ့ပါတယ်။ ပြီးတော့ ဖိုဒန် ရဲ့ နောက်တစ်ဂိုးကြောင့် (၁၈)မိနစ်မှာတင် မန်စီးတီး က (၂-၀)။
အဲ့ဒီအချိန်ထိ အာဆင်နယ်က တိုင်ပတ်နေတုန်း။ ဂိုးရဖို့ ရုန်းကန်နေရတုန်း။ ပြီးတော့ ဂိုးရသွားတာက အဲဗာတန်။ မိနစ်(၄၀)မှာပဲ ဂေးယီ ကသွင်းခဲ့တယ်။ သက်သာသွားတာက ချက်ခြင်းဆိုသလို တိုမီယာဆု က ချေပဂိုးပြန်ရှာပေးခဲ့တာပါ။ တစ်ဖက်မှာတော့ မန်စီးတီး က ကွန်ဒက်စ် ရဲ့ နောက်ပြန်ကန်ချက်ဂိုးနဲ့ (၂-၁)ဖြစ်သွားတယ်။ ပထမပိုင်းပြီးတော့ ပွဲတွေက (၂-၁)နဲ့ (၁-၁)။
ဒုတိယပိုင်းမှာ မန်စီးတီး - ဝက်စ်ဟမ်း ပွဲက ပိုကြည့်ကောင်းလာတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ရိုဒရီ က ဖိအားနည်းနည်းရှိနေတဲ့ အသင်းကို ကယ်တင်ပေးခဲ့ပြီး သူ့ရဲ့ဂိုးနဲ့ (၃-၁)ဖြစ်သွားတယ်။ မန်စီးတီးအတွက် ပွဲကလွယ်သွားပြီ။ အာဆင်နယ်က အနိုင်ဂိုးရဖို့ ခဲရာခဲဆစ်ကြိုးစားနေတုန်း။ ပွဲပြီးခါနီး (၈၉)မိနစ်မှာ ဂျေးဆု ၊ အိုဒီဂတ် တို့ကနေ တစ်ဆင့် ဟာဗက်ဇ် က အာဆင်နယ်အတွက် အနိုင်ဂိုးသွင်းခဲ့တယ်။ ပွဲချိန် (၈၈)မိနစ်မှာ ဆိုချက် ရဲ့ ဂိုးကို VAR နဲ့ ပယ်ဖျက်ခဲ့တာကလည်း မန်စီးတီးအတွက် ကံကောင်းမှုတစ်ခုပါပဲ။
လူတွေက အချိန်တန်ရင် ဒုတိယကိုမေ့သွားကြတယ်ဆိုပေမယ့် (၂)ရာသီဆက် ချန်ပီယံဖြစ်လုနီးပါးဖြစ်ခဲ့တဲ့ အာဆင်နယ် ကိုတော့ ဒုတိယဖြစ်တာတောင် မေ့မှာမဟုတ်ပါဘူး။ မန်စီးတီးက ကောင်းလွန်းအားကြီးလို့သာ အာဆင်နယ်တို့ လွဲခဲ့ရတာဖြစ်ပြီး မန်စီးတီးကဆက်တိုက်ချန်ပီယံဆုတွေနဲ့ ထိုက်တန်လွန်းတဲ့ အသင်းပဲ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းက လီဝန်ဒေါစကီး အထွက် ဟာလန်း အဝင်ပုံစံမျိုး ဖြစ်စေချင်နေတာပါ။
Read Moreအငှားကြေးက ယူရို (၄)သန်းသာဖြစ်လို့ တကယ့်ကိုသက်သက်သာသာနဲ့ ဒေါ့မွန် ကဆန်ချို ကိုပြန်ရခဲ့တာပါ။
Read Moreလက်ရှိမှာ လီဝန်ဒေါစကီး က ကြွက်သားဒဏ်ရာရနေတာပါ။
Read Moreဗိုလ်လုပွဲအဆင့်ကို မစ်ဒယ်ဘရော့ ၊ ဖူလ်ဟမ်တို့တက်တာထက်စာရင် ချယ်လ်ဆီးနဲ့ လီဗာပူးလ် တို့တက်တာကဘောလုံးဝါသနာရှင်တွေအတွက်ပိုပြီးတော့ စိတ်ကျေနပ်စရာဖြစ်ပါလိမ်...
Read Moreဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်အမြင်ကတော့ ဖြစ်ချိန်တန်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဖြစ်ဖို့က ဖြစ်ကို ဖြစ်လာတယ် ဆိုတာပါပဲ။
Read More