ကင်ဗင်ဖီလစ် အနာဂတ် အဖြေပေါ်တော့မယ်
-------------------------------
ဒီဇန်နဝါရီမှာ မဖြစ်မနေကို အဖြေထွက်ရမယ့်အနာဂတ်တစ်ခုရှိနေပါတယ်။ ဒါကတော့ မန်စီးတီးကွင်းလယ်လူ ကင်ဗင်ဖီလစ် ရဲ့ အနာဂတ်ပါ။
ဇန်နဝါရီလမတိုင်ခင်တုန်းကတော့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေက ကျယ်လောင်ခဲ့ပေမယ့် လက်ရှိအပြောင်းအရွှေ့ကာလစတင်ချိန်မှာတော့ ငြိမ်သက်နေခဲ့ပါတယ်။
ဒါပေမယ့် ကင်ဗင်ဖီလစ် အသင်းတစ်သင်းကိုတော့ ရောက်ပါလိမ့်မယ်။ အဓိကက ပုံမှန်ကစားခွင့်ရဖို့ပဲဖြစ်ပါတယ်။ သူ့ကို စိတ်ဝင်စားနေတဲ့အသင်းတွေက အနည်းဆုံး (၆)သင်းလောက်ရှိပြီး အသင်းကြီးတွေဖြစ်တဲ့ အက်သလက်တီကို နဲ့ဘာစီလိုနာ တို့လည်း ပါနေတော့အချိန်ယူပြီး စဥ်းစားနေတယ်လို့ထင်ပါတယ်။
လာမယ့် အပတ်ထဲမှာ အနာဂတ်နဲ့ ပတ်သက်တာကို ကင်ဗင်ဖီလစ်က ဆုံးဖြတ်သွားမှာဖြစ်လို့ မကြာခင်မှာသူ့ကို အသင်းသစ်တစ်သင်းနဲ့ မြင်ရတော့မှာပါ။
မန်စီးတီးအသင်းကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးဥရောပစူပါဖလားကို ပိုင်ဆိုင်ဖို့ အခွင့်အရေးက လက်တကမ်းအကွာကို ရောက်နေပါပြီ။
Read Moreသူ့ကြည့်ရတာ ဘောလုံးကစားရတာလည်း တော်တော်လေးကိုပျော်ရွှင်နေတဲ့ပုံပါ။
Read Moreဘာပေ PSG ကသာထွက်ရင် ပြောင်းမယ့်အသင်းက ရီးယဲလ်သာဖြစ်လို့ဒီလိုသတင်းထွက်လာတာ ဘာမှတော့မဆန်းပါဘူး။
Read Moreကာဗာဟယ်လ် က ဒဏ်ရာကြောင့် (၃)ပတ်ကနေ (၄)ပတ်ကြား နားရမယ့် ပုံစံဖြစ်ပါတယ်။
Read Moreဒီစာရင်းမှာပါဝင်လာတဲ့ သူတွေကတော့ မက်ဆီ ၊ ဟာလန်း နဲ့ဘာပေ တို့ဖြစ်ကြပါတယ်။
Read More