ကျိန်စာဆိုးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အာဆင်နယ်

Published 1 year ago by Bawlonelive

ကျိန်စာဆိုးကနေ ရုန်းထွက်နိုင်ခဲ့တဲ့ အာဆင်နယ်

---------------------------------- 

အဲဗာတန်ကွင်းမှာဆို အမြဲရုန်းကန်ရတဲ့ အာဆင်နယ်ဟာ အခုဆို အဲဗာတန်ကို အဝေးကွင်းမှာ (၀-၁)နဲ့နိုင်ပြီး ကျိန်စာဆိုးကနေ ရုန်းထွက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ အဲဗာတန်ရဲ့ ဂူဒီဆင်ပတ်ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး (၅)ပွဲမှာ (၁)ပွဲသရေ ၊ (၄)ပွဲထိ ရှုံးထားတာပါ။ 

အခုတစ်ခါမှာတော့ ဒီအခြေအနေကို အဆုံးသတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်နဲ့ နည်းပြအာစင်ဝင်းဂါး နောက်ပိုင်း ပထမဆုံးအကြိမ် အဲဗာတန် ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တာဖြစ်ပါတယ်။ 

ဒီပွဲမှာ အာဆင်နယ်ဂိုးသမားသစ် ရာယာ ပွဲထွက်ခဲ့ပြီး Clean Sheet ရရှိခဲ့သလို ရုန်းကန်နေရတဲ့ ဟာဗက်ဇ် လည်း အရန်ခုံမှာသာရှိခဲ့တာပါ။ အာဆင်နယ်ကပိုသာတယ်ဆိုပေမယ့် အဲဗာတန်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် နိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ 

ဒီပွဲမှာ အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကိုတော့ အသင်းကို ကယ်တင်နေကြ ထရော့ဆဒ် က လူစားဝင်လာပြီး ပွဲကစားချိန် (၆၉)မိနစ်မှာ ရရှိလာတဲ့ အခွင့်အရေးကို ကောင်းကောင်းအသုံးချခဲ့တာပါ။ လက်ရှိ ပရီးမီးယားလိဂ်ပွဲစဥ် (၅)ပွဲကစားအပြီးမှာတော့ အာဆင်နယ် အသင်းဟာ ရမှတ်(၁၃)မှတ်နဲ့ အဆင့် (၄)နေရာမှာ ရပ်တည်နေပါတယ်။

အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အိုဒီဂတ်

စာချုပ်သစ်အရ အိုဒီဂတ် ဟာ အာဆင်နယ် မှာ (၂၀၂၈)ခုနှစ်ထိ ဆက်ရှိပါလိမ့်မယ်။

Read More
ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အန်ဆယ်လော့တီ

အစောပိုင်း အနေအထားတွေအရကတော့ ရာသီကုန်မှာ အန်ဆယ်လော့တီ က ဘရာဇီးလ်အသင်းဆီ သွားကိုသွားမှာပါ။

Read More
စပါး - အာဆင်နယ် ပွဲကြိုသုံးသပ်ချက်

ပွဲကျပ်ကာလမှ အခုလောက်ထိ ချန်ပီယံဖြစ်ချင်စိတ်အပြည့်နဲ့ ကြိုးစားနေတဲ့ အာဆင်နယ် ကို ချီးကျူးရမှာပါ။

Read More
တိုနီကရူးစ် ကို စိတ်ဝင်စားနေတဲ့ မန်စီးတီး

ဂန်ဒိုဂန် ကို အလွယ်တကူ လက်လွှတ်ခဲ့တဲ့အကျိုးဆက်ကို မန်စီးတီး ခံစားနေရတယ်လို့ ပြောရမှာပါ။

Read More
ချယ်လ်ဆီးကစားသမား ဖြစ်လာတဲ့ လာဗီယာ

Add-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။

Read More