ချယ်လ်ဆီးကစားသမား ဖြစ်လာတဲ့ လာဗီယာ

Published 1 year ago by Bawlonelive

ချယ်လ်ဆီးကစားသမား ဖြစ်လာတဲ့ လာဗီယာ

---------------------------------------- 

လီဗာပူးလ် နဲ့ ကစားသမားအပြိုင်လုပွဲတွေမှာ သိသိသာသာ အသာရခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခုဆို လာဗီယာ ကို ဆောက်သမ်တန်ကနေ ကနဦးပြောင်းရွှေ့ကြေးပေါင်(၅၃)သန်းနဲ့ ခေါ်ခဲ့ပါတယ်။Add-ons ကြေးလည်း ပါဝင်တာကြောင့် အနာဂတ်မှာ ပြောင်းရွှေ့ကြေးဟာ ပေါင်(၅၈)သန်းထိ မြင့်တက်လာနိုင်ပါတယ်။ 

အသက်(၁၉)နှစ်အရွယ် လူငယ်ကစားသမားတစ်ဦးအတွက် ချယ်လ်ဆီးအသင်းက မြင့်မားတဲ့ ပြောင်းရွှေ့ကြေးကို သုံးခဲ့တာဖြစ်ပြီး (၇)နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ 

" ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့ရလို့ ကျွန်တော်တကယ်ပျော်ရွှင်မိပါတယ်။ ပြီးတော့ စီမံကိန်းရဲ့ အစိတ်အပိုင်းဖြစ်ရတာ စိတ်လှုပ်ရှားစရာပါ။ အံသြစရာကောင်းတဲ့ ထိပ်တန်းအသင်းဖြစ်ပြီး ကြီးကျယ်ခမ်းနားတဲ့ သမိုင်းကြောင်းလည်းရှိပါတယ်။ ကျွန်တော် ချယ်လ်ဆီးအသင်းနဲ့ စတင်ဖို့ တကယ့်ကို စိတ်လှုပ်ရှားနေပါတယ် " လို့ ကစားသမားသစ် ကျောနံပါတ် (၄၅)ပိုင်ရှင် လာဗီယာ က ဖွင့်ဟခဲ့ပါတယ်။

ဂိုးပြတ်ရလဒ်နဲ့ ပြန်လာတဲ့ အာဆင်နယ်

ဒီပွဲက နိုင်ပွဲမဖြစ်မနေလိုအပ်နေတဲ့ အာဆင်နယ်အတွက် ဘာဖိအားမှလည်းမရှိခဲ့ပါဘူး။ ဘ

Read More
ပရီးမီးယားလိဂ်(၄)နှစ်ဆက်ချန်ပီယံ မန်စီးတီး

ဖိုဒန် ရဲ့ အလန်းစားဂိုး ကစောစောစီးစီးပွဲပြီးပြီလို့ မပြောရုံတမယ်ဖြစ်ခဲ့တာပါ။

Read More
မန်စီးတီး အတွက် ဒီဘရိုင်းနား ပြန်လာပြီ

ဒီဘရိုင်းနား ပြန်လာတာက မန်စီးတီးအတွက် အားအင်တစ်ရပ်ပါပဲ။

Read More
UEFA  Men's Player of the Year ဆုကို ရရှိခဲ့တဲ့ဟာလန်း

မက်ဆီ လည်း ဒီဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေလို့ ဟာလန်း အတွက် စိုးရိမ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ဟာလန်း ကသာ ဒီဆု ကိုအရယူနိုင်ခဲ့တာပါ။

Read More
အစဥ်အလာဆိုးကိုဆက်ထိန်းသွားတဲ့ အာဆင်နယ်

အဝေးကွင်းမှာ သရေရလည်း မဆိုးပါဘူးလုပ်နေတဲ့ အချိန်မှာ မထင်မှတ်ပဲ ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

Read More